ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသော်လည်း ရန်ကုန်ရှိ ရွှေဆိုင်အများစု ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိနေ

ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသော်လည်း ရန်ကုန်ရှိ ရွှေဆိုင်အများစု ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိနေ
■ရန်ကုန်မြို့တွင် ဖွင့်လှစ်ရောင်းချနေသည့် ရွှေဆိုင်များအား ဇွန် ၃ ရက် ညနေပိုင်းက တွေ့ရစဉ်
■ရန်ကုန်မြို့တွင် ဖွင့်လှစ်ရောင်းချနေသည့် ရွှေဆိုင်များအား ဇွန် ၃ ရက် ညနေပိုင်းက တွေ့ရစဉ်
Published 3 June 2024

ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်ဆေး မှုများရှိနေသော်လည်း ရန်ကုန်ရှိ ရွှေဆိုင်အများစု ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချလျက်ရှိနေသည်ကို ဇွန် ရက်က တွေ့ရသည်။

ရန်ကုန်မြို့ရှိ ရွှေဆိုင်အများစုတည်ရှိသည့်မဟာဗန္ဓုလလမ်းပေါ်ရှိ ရွှေဆိုင်များမှာ ယခင်အတိုင်းသာ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

အကုန်လုံးဖွင့်ထားကြတယ်။ နာမည်ကြီးရွှေဆိုင်တွေ ပိတ်ထားတဲ့ဆိုင်မရှိပါဘူး။ တချို့ပိတ်တယ်ဆိုတဲ့ဆိုင်တွေက အရင်ကတည်းက တနင်္လာနေ့တိုင်းပိတ်တဲ့ဆိုင်တွေပေါ့။ ဆိုင်ကိုလာတဲ့သူတွေကတော့ အရင်ကလောက်သိပ်မများဘူး။ အရင်ကဆိုရင် ကြိတ် ကြိတ်တိုးနေတဲ့ဆိုင်တွေဆိုရင် နည်းနည်းပါးသွားတယ်ဟု လသာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။

နိုင်ငံစီးပွားရေး မငြိမ်မသက်ဖြစ်စေရန်ရည်ရွယ်ချက်ဖြင့် ရွှေစျေးနှုန်းကျပ်သိန်း ၆၀ ခန့်အထိ စျေးကစားဆွဲတင်ခဲ့သော တရားခံ ၂၁ ဦးအား ဖမ်းဆီးစစ်ဆေးလျက်ရှိပြီး နာမည်ကြီး ရွှေဆိုင်များဖြစ်သည့် အောင်သမာဓိ၊ ဇွဲထက်၊ ၀ိန့်စိန်အပါအဝင် ရွှေဆိုင်များမှတာ ဝန်ရှိသူများနှင့် ပွဲစား ၁၀ ဦး ထွက်ပြေးတိမ်း ရှောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသော ပွဲစားများအပါအဝင် စုစုပေါင်းတရားခံ ၂၁ ဦးအား ဖော်ထုတ်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

၎င်းင်းတို့၏ ထွက်ဆိုချက်များအရပြည်တွင်းရွှေစျေးကွက်အတွင်း စျေးနှုန်းမတည် မငြိမ်ဖြစ်အောင် နောက်ကွယ်မှ ဆောင်ရွက်လျက်ရှိသည့်  အောက်ပါတရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ခေါ်ယူစစ်ဆေးနိုင်ရေး ဆောင်ရွက်ခဲ့ရာ ၎င်းင်းတို့သည် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများ၏ ဖမ်းဆီးခြင်း မခံရစေရန်ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံ ၁၀ ဦးမှာ ပန်းဘဲတန်းမြို့နယ်ရှိ စိန်ကျော်မိုးရွှေဆိုင်မှ ဦးကျော်ငြိမ်း၊ မြောက်ဒဂုံမြို့နယ်ရှိ အကယ်ဒမီရွှေသန့်စင်လုပ်ငန်းမှ ဦးမျိုးသူဝင်း၊ ပန်းဘဲတန်းမြို့နယ်ရှိ ခရမ်းသုံးခွရွှေ ဆိုင်မှ ဦးသက်နောင်ဝင်း၊ လသာမြို့နယ်ရှိ ဇွဲထက်ရွှေဆိုင်မှ ဦးဆန်းဝင်း၊ အောင်မြေသာ စံမြို့နယ်ရှိ အောင်သမာဓိရွှေဆိုင်မှ ဦးအောင်ဆန်းဝင်း၊ လမ်းမတော်မြို့နယ်ရှိ ၀ိန့်စိန်ရွှေဆိုင်မှ ဦးအောင်ကောင်းမြတ်၊ ပန်းဘဲတန်းမြို့နယ်ရှိ ရွှေဇင်ဝင်းရွှေသန့်စင်လုပ်ငန်းမှ ဦးအေးကြူ၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပွဲစား ဦးကျော်ဝင်း()ပန်းသီး၊ သင်္ဃန်းကျွန်းမြို့နယ်မှ ပွဲစား ဦးညီညီဦး () ချက်ကြီး၊ လမ်းမတော်မြို့နယ်မှ ပွဲစား ဒေါ်တင်တင်()စန္ဒာတင်တို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုကဲ့သို့ ပြည်တွင်းရွှေစျေးကွက်အတွင်း ရွှေစျေးနှုန်းမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည့် တရားမဝင်ရွှေအရောင်းအဝယ်ပြုလုပ်နေသော ပွဲစားများအပါအဝင် ဖမ်းဆီးရမိတရားခံ စုစုပေါင်း ၂၁ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင်ထွက်ပြေး တိမ်းရှောင်လျက်ရှိသည့် တရားခံ ၁၀ ဦး အားလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး မိဘပြည်သူများအနေဖြင့် အဆိုပါ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများအားသိရှိပါက သက်ဆိုင်ရာ လုံ ခြုံရေးအဖွဲ့အစည်းများထံ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

Most Read

Most Recent