TNLA ၏ ဘောင်ကျော်လွန်ပြီး ပြုမူပြောဆိုသည့်လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း SSPP/SSA ထုတ်ပြန်

TNLA ၏ ဘောင်ကျော်လွန်ပြီး ပြုမူပြောဆိုသည့်လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့်အတွက် ကန့်ကွက်ရှုတ်ချကြောင်း SSPP/SSA ထုတ်ပြန်
Published 1 June 2024

TNLA အဖွဲ့၏ ဘောင်ကျော်လွန်ပြီး ပြုမှုပြောဆိုသည့် လုပ်ရပ်မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာ ရောက်သည့်အတွက် ကန့်ကွက် ရှုတ်ချ ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ (SSPP/SSA) က မေ ၃၁ ရက်တွင် ကြေညာ ချက် ထုတ်ပြန်သည်။

လတ်တလောတွင် တအာင်းလက်နက် ကိုင်တပ်ဖွဲ့ (TNLA) နှင့် SSPP/SSA တို့အကြား နယ်မြေအငြင်းပွားမှုကြောင့် နှစ်ဖွဲ့အကြား တင်းမာမှုများဖြစ်ပေါ်နေကြောင်း (SSPP/SSA) ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ နယ်မြေအငြင်းပွားမှုပြဿနာ နှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်၊ ဧပြီ ၂၁ ရက် တွင် ဗဟိုအဆင့်ထိပ်သီးကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း (SSPP/SSA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(SSPP/SSA) အနေဖြင့် အဆိုပါ ဆွေးနွေး ချက်ရလဒ်များအား အောက်ခြေတပ်များ လိုက်နာဆောင်ရွက်နိုင်ရန် ထုတ်ပြန်ထားခဲ့ ပြီးဖြစ်သော်လည်း TNLA အနေဖြင့် ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်လိုသည့် ဆန္ဒမ ရှိကြောင်းကို လက်ရှိဖြစ်ပေါ်နေသော ဖြစ်စဉ် များနှင့် (SSPP/SSA) ၏ ပြောရေးဆိုခွင့်ရှိသူက မီ ဒီယာများသို့ ပြောကြားချက်များအရ သိသာ ထင်ရှားနေပါသည်ဟု (SSPP/SSA) ၏ ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ မဟာမိတ်ကျင့်ဝတ်မဲ့စွာ နိုင်ငံရေး အသာစီးရလိုမှု၊ လူမျိုးရေးခွဲခြားဆက်ဆံလိုမှု အခြေခံဖြင့် ခွင့်လွတ်သည်းခံနိုင်စွမ်းထက် ဘောင်ကျော်ကာ ပြုမှုပြောဆိုသည့်လုပ်ရပ် မှန်သမျှသည် မလိုလားအပ်သည့် စစ်ရေးအရ ဖြေရှင်းမှုများကို ဖိတ်ခေါ်ရာရောက်သည့်အ တွက် ကန့်ကွက်ရှုတ်ချကြောင်း (SSPP/SSA) က ကြေညာချက် ထုတ်ပြန်သည်။

(SSPP/SSA) အနေဖြင့် တန်းတူရေးနှင့် မိမိကံကြမ္မာ မိမိဖန်တီးပိုင်ခွင့်ကို အာမခံချက် ရှိသည့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီစ နစ်ဖြစ်ပေါ်လာရေးအတွက် နှစ်ပေါင်းများစွာ အားသွန်ခွန်စိုက် ကြိုးပမ်းလာခဲ့သည်မှာ မိဘ ပြည်သူများအားလုံး အသိပင်ဖြစ်ကြောင်း လည်း  (SSPP/SSA) ၏ ထုတ်ပြန်ချက်တွင် ပါ ရှိသည်။

ရည်မှန်းချက်ပန်းတိုင်သို့ လျှောက်လှမ်း ချီတက်ရာတွင်လည်း မိဘပြည်သူလူထုအ ကျိုးကို ဦးထိပ်ထား၍ မဟာမိတ်အဖွဲ့များအ ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေမူ ကို လက်ကိုင်ထားကာ ဗဟိုအဆင့်မှ အောက် ခြေတပ်များတိုင်အောင် လိုက်နာကျင့်သုံးစေ ရန် ထုတ်ပြန်ချက်များ၊ အမိန့်ကြေညာချက် များ စဉ်ဆက်မပြတ် ထုတ်ပြန်ခဲ့ကြောင်း (SSPP/SSA) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

လက်ရှိ နိုင်ငံရေး၊ စစ်ရေး ပြောင်းလဲမှု မြန်ဆန်သော အချိန်တွင် (SSPP/SSA)  အနေ ဖြင့် နိုင်ငံရေးရပ်တည်ချက် မပြောင်းလဲဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ ဆုံဖြေရှင်းရေးကို ပထမဦးစားပေးနည်းလမ်း အဖြစ် ကိုင်စွဲထားလျက်ရှိကြောင်းလည်း ှှ (SSPP/SSA) က ထုတ်ပြန်သည်။

ထိုသို့ ကြိုးစားလုပ်ဆောင်ရာတွင် မဟာ မိတ်အချို့၏ လုပ်ဆောင်ချက်များကြောင့် (SSPP/SSA)  အပေါ် လူထုအထင်အမြင်လွဲ မှားစေယုံသာမက နိုင်ငံရေးဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူအား ထိခိုက်စေသည့်ဖြစ်စဉ်များ အဆက်မပြတ် ဖြစ်ပေါ်နေသည်ကို ဝမ်းနည်းစွာ တွေ့မြင်နေ ရကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်မြောက်ပိုင်းလက်နက်ကိုင်တပ်ဖွဲ့ (SSPP/SSA)  က ကြေညာချက် ထုတ်ပြန်သည်။   

Most Read

Most Recent