မန္တလေးမြို့ရှိ ဆယ်သန်းရွှေဆိုင် ထပ်မံ ဓားပြတိုက် ခံရပြီး ရွှေနှစ်ပိသာခန့် လုယက်ယူဆောင်သွား

မန္တလေးမြို့ရှိ ဆယ်သန်းရွှေဆိုင် ထပ်မံ ဓားပြတိုက် ခံရပြီး ရွှေနှစ်ပိသာခန့် လုယက်ယူဆောင်သွား
Published 31 May 2024

မန္တလေးမြို့ရှိ ဆယ်သန်းရွှေဆိုင်တွင် ယနေ့(မေလ ၃၁ ရက်) ည‌နေ ၃ နာရီဝန်းကျင်က ဓားပြတိုက် ခံရပြီး ရွှေနှစ်ပိသာခန့် လုယက်ယူဆောင်သွားကြောင်း သတင်းရရှိသည်။

မဟာအောင်မြေမြို့နယ်၊ ၈၄လမ်းနှင့် ၈၅လမ်းကြား၊ ၃၉လမ်းနှင့် လမ်း ၄၀ ကြား၊ မန်းမြို့ဈေးအတွင်းရှိ ဆယ်သန်းရွှေဆိုင် ဓါးပြတိုက် ခံရခြင်းဖြစ်သည်။

သေနတ်များကိုင်ဆောင်လာသည့် အမျိုးသားခြောက်ဦးခန့်သည် ကားတစ်စီး ဖြင့်ရောက်ရှိလာပြီး ဆယ်သန်းရွှေဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ်ပစ်ဖောက်၍ လက်ကောက်၊ နားကွင်း၊ နားဆွဲ၊ ဟမ်းချိန်းစသည့် ရွှေထည်မျိုးစုံ နှစ်ပိသာခန့်ကို ယူဆောင်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခု ဓားပြတိုက်ခံရသည့် ရွှေဆိုင်မှာ မန်းမြို့ဈေး အတွင်းတန်းရှိ ဆယ်သန်းရွှေဆိုင်တွင် ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၉ ရက်ကလည်း   မန်းမြို့ဈေးအပြင်တန်းရှိ ဆယ်သန်းရွှေဆိုင်သို့  

လူငယ်သုံးဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး သေနတ်ပြကာ ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့ပြီး ရွှေသုံးပိဿာခန့်နှင့် ကျပ်သိန်းနှစ်ရာခန့် ယူဆောင်သွားသည်။

Most Read

Most Recent