အင်တာနက် စာမျက်နှာများပေါ်တွင် ID အစစ်အမှန် မဟုတ်သည့်အကောင့်များ အသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့် ကောက်ခံနေသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်ကြေညာ

အင်တာနက် စာမျက်နှာများပေါ်တွင် ID အစစ်အမှန် မဟုတ်သည့်အကောင့်များ အသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့် ကောက်ခံနေသည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်ကြေညာ
Published 29 May 2024

အင်တာနက်စာမျက်နှာများပေါ်တွင် ID အစစ်အမှန်မဟုတ်သည့်အကောင့်များ အသုံးပြု၍ ဘဏ်များမှ ငွေလဲလှယ်နှုန်းများ တိုးမြှင့်ကောက်ခံနေသည်ဆိုသည့်သတင်းမှာ မမှန်ကန်ကြောင်း ဗဟိုဘဏ်က မေ ၂၉ ရက်စွဲဖြင့် အသိပေးကြေညာ ထားသည်။

Online Social Media Platform များ ဖြစ်သည့် Facebook၊ Viber၊ Telegram အစရှိသည်တို့အပေါ်တွင် ID အစစ်အမှန်မဟုတ်သည့် အကောင့်(Fake Account)များ အသုံးပြု၍  ဘဏ်များမှ ငွေလဲလှယ်နှုန်း များ တိုးမြှင့်ကောက်ခံနေကြောင်း အပါအဝင် မမှန်ကန်သည့်သတင်းများကို ထုတ်ပြန်ဖော်ပြပြီး ငွေကြေး မတည်မငြိမ် ဖြစ်အောင် ဆောင် ရွက်နေသည်ကို စိစစ် တွေ့ရှိနေရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  အဆိုပါ Website များကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ် လျက်ရှိကြောင်း၊ AD လိုင်စင်ရဘဏ်များ အနေဖြင့် ဘဏ်၏တရားဝင် Website များတွင် Exchange Counter ၏ အရောင်းအဝယ်ငွေလဲလှယ်နှုန်းများကို ကြေ ညာပေးလျက်ရှိကြောင်းသိရသည်။

KBZ ဘဏ်အနေဖြင့် https://www. kbzbank.com/en/တွင် လည်းကောင်း၊ AYA အနေဖြင့်  https://ayabank.com/.../foreign-currency-exchange-service... currency exchange rate တွင် လည်း ကောင်း၊ MAB အနေဖြင့်  https://www.mabbank.com/gtb တွင် လည်းကောင်း၊ uab အနေဖြင့်  https://www.uab.com.xn--mm-szjya2a7e9jfcz/ ကောင်း၊A bank အနေဖြင့်  https://www.abank.com.mm/en US/ တွင်လည်းကောင်း၊CB အနေဖြင့်  https://www.cbbank.com.mm/en တွင် လည်းကောင်း၊ Yoma အနေဖြင့်  https://www.yomabank.com/ တွင် လည်းကောင်း၊MCB အနေဖြင့်  https://www.mcb.com.mm/တွင် လည်း ကောင်း၊ MOB အနေဖြင့်  https://www.mobmyanmar.com/တွင် လည်းကောင်း ဝင်ရောက် ကြည့်ရှုနိုင် သည်။

သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မမှန် ကန်သည့် website ကြေညာချက်များကို ယုံ ကြည်မှုမရှိဘဲ သက်ဆိုင်ရာဘဏ်များ၏ websiteတွင် ငွေလဲလှယ်နှုန်းများကို ကြည့် ရှုလေ့လာနိုင်ကြောင်း ဗဟိုဘဏ်က အသိပေးကြေညာထားသည်။

Most Read

Most Recent