စပိန်၊ အိုင်ယာလန်၊ နော်ဝေတို့က ပါလက်စတိုင်းနိုင်ငံကို မေ ၂၈ ရက်တွင် တရားဝင် အသိအမှတ်ပြုသည်ဟု ကြေညာ

စပိန်၊ အိုင်ယာလန်၊ နော်ဝေတို့က ပါလက်စတိုင်းနိုင်ငံကို မေ ၂၈ ရက်တွင် တရားဝင် အသိအမှတ်ပြုသည်ဟု ကြေညာ
ပါလက်စတိုင်းနိုင်ငံကိုအသိအမှတ်ပြုသည့် မိန့်ခွန်းအား စပိန်ဝန်ကြီးချုပ် ပီးဒရိုဆန်းချက် ပြောကြားနေပုံကို မေ ၂၈ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ပါလက်စတိုင်းနိုင်ငံကိုအသိအမှတ်ပြုသည့် မိန့်ခွန်းအား စပိန်ဝန်ကြီးချုပ် ပီးဒရိုဆန်းချက် ပြောကြားနေပုံကို မေ ၂၈ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 29 May 2024

စပိန်၊ အိုင်ယာလန်၊ နော်ဝေတို့သည် မေ ၂၈ ရက်တွင် ပါလက်စတိုင်းနိုင်ငံကို တ ရားဝင်အသိအမှတ်ပြုလိုက်ကြရာ ယင်းသို့ အသိအမှတ်ပြုသည့် ဆုံးဖြတ်ချက်သည် ခုနစ်လကြာ ဂါဇာစစ်ပွဲတွင်ဟားမာ့စ်အတွက်ဆုလာဘ်ဖြစ်သည်ဟု အစ္စရေးကပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ဥရောပနိုင်ငံသုံးနိုင်ငံက ၎င်းတို့၏အသိအမှတ်ပြုမှုသည် ခိုင်မာသည့်အမှတ်အသား ဆိုင်ရာ သက်ရောက်ရှိမည်ဟု ယုံကြည်ထားကြပြီး အခြားနိုင်ငံများကလည်း အလားတူ လိုက်လံလုပ်ဆောင်ဖွယ်ရှိနေသည်ဟု ယူဆထားကြသည်။

အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို မြှင့်တင်ရာတွင် နော်ဝေနှင့်စပိန်တို့၏ သမိုင်းဝင် အခန်းကဏ္ဍကိုလည်း ၄င်းတို့က ထောက်ပြခဲ့ကြသည်။ ၁၉၉၁ ခုနှစ် တွင် အစ္စရေးနှင့်ပါလက်စတိုင်းတို့သည် မက်ဒရစ်ငြိမ်းချမ်းရေး ညီလာခံတွင် ပထမဆုံးအကြိမ် ဆွေးနွေးခဲ့ကြသည်။ ယင်းညီလာခံသည်  ၁၉၉၃ အော်စတိုသဘောတူညီချက်အတွက် လမ်းပွင့်စေခဲ့သည်။

“ပါလက်စတိုင်း နိုင်ငံကို အသိအမှတ်ပြုတာဟာ ပါလက်စတိုင်းပြည်သူတွေအတွက် တရားမျှတမှုနဲ့သက်ဆိုင်ပါတယ်”ဟု စပိန်နိုင်ငံခြားရေးဝန်ကြီး ဟိုဆေးမန်နျူရယ် အယ်ဘာရက်စ်က မေ ၂၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ထုတ်ဖော်ပြောကြားခဲ့သည်။

“ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုတာဟာ အစ္စရေးအတွက်အကောင်းဆုံး လုံခြုံရေးအာမခံချက်ဖြစ်ပါတယ်။ ဒေသတွင်းမှာ ငြိမ်းချမ်းရေးရရှိဖို့အတွက်လည်း လုံးဝ အရေးပါနေပါတယ်”ဟု နော်ဝေ၊ အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူရှိနေစဉ် စပိန်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုမည့်ကိစ္စအား ယင်းသုံးနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးတို့က ပူးပေါင်းထုတ်ပြန်သော ကြေညာချက်အဖြစ် လွန်ခဲ့သောသီတင်းပတ်တွင် ထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ သုံးနိုင်ငံသည် မေ ၂၈ ရက်တွင် ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုခဲ့ကြသည်။

စပိန်ဝန်ကြီးချုပ်ပီဒရိုဆန်းချက်သည် ပါလက်စတိုင်းနိုင်ငံတော်ကို အသိအမှတ်ပြုသော ဒီဂရီကို အသိအမှတ်ပြုရန် ၎င်း၏ဝန်ကြီးအဖွဲ့ကို မတွေ့ဆုံမီ မိန့်ခွန်းပြောကြားခဲ့သည်။ အိုင်ယာလန်အစိုးရသည်လည်း မေ ၂၈ ရက်နံနက်ပိုင်းတွင် အစည်းအဝေးကျင်းပခဲ့ပြီးနောက် ပါလက်စတိုင်းကိုအသိအမှတ်ပြုခဲ့သည်။

ပါလက်စတိုင်းနိုင်ငံကို မေ ၂၈ ရက်တွင် အသိအမှတ်ပြုသည့်ကိစ္စအား လွန်ခဲ့သောရက်ပိုင်းတွင် နော်ဝေက ပါလက်စတိုင်း ဝန်ကြီးချုပ်မိုဟာမက်မူစတာဖာထံ အကြောင်းကြားခဲ့သည်။

ဆလိုဗေးနီးယားနိုင်ငံကလည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေးလုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်လျက်ရှိသည်ဆိုသော်လည်း ယင်းကိစ္စသည် ၂၇ နိုင်ငံပါဝင်သော ဥရောပသမဂ္ဂအဖွဲ့ထဲတွင် ပြင်းထန်သည့် သဘောထားမတိုက်ဆိုင်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ စပိန်နှင့်အိုင်ယာလန်တို့သည် ဥရောပသမဂ္ဂ(အီးယူ)အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည်။

ပါလက်စတိုင်းနိုင်ငံကို တရားဝင်အသိအမှတ်ပြုခြင်းသည် အစ္စရေးနှင့်ပါလက်စတိုင်းတို့ ဆွေးနွေးထားသည့် ငြိမ်းချမ်းရေးကိစ္စ၏ ပွဲသိမ်းကစားကွက်အဖြစ် ရှုမြင်ခံထားရသည်မှာ ကြာပြီဖြစ်သည်။           

Ref: AFP

Most Read

Most Recent