နည်းပြသစ်ကို ဇွန်လဆန်းတွင် ခန့်အပ်နိုင်ရန် ချယ်လ်ဆီးအသင်း လိုလားနေပြီး ဒီဇယ်ဘီ၊ သောမတ်စ်ဖရန့်ခ်၊ မက်ကန်နာနှင့် မာရက်စ်ကာတို့ထဲမှ ဖြစ်လာဖွယ်ရှိ

နည်းပြသစ်ကို ဇွန်လဆန်းတွင် ခန့်အပ်နိုင်ရန် ချယ်လ်ဆီးအသင်း လိုလားနေပြီး ဒီဇယ်ဘီ၊ သောမတ်စ်ဖရန့်ခ်၊ မက်ကန်နာနှင့် မာရက်စ်ကာတို့ထဲမှ ဖြစ်လာဖွယ်ရှိ
Photo : Getty Images
Photo : Getty Images
Published 27 May 2024

ချယ်လ်ဆီးအသင်းသည် နည်းပြသစ်ကို ဇွန်လဆန်းတွင် ခန့်အပ်နိုင်ရန် လိုလားနေပြီး လက်ရှိအချိန်၌ လျာထားစာရင်းတွင် ထည့်သွင်းထားသည့် ဒီဇယ်ဘီ၊ သောမတ်စ်ဖရန့်ခ်၊ မက်ကန်နာနှင့် မာရက်စ်ကာတို့ထဲမှ တစ်ဦးဦးဖြစ်လာဖွယ်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ၂၀၂၃ -၂၄ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲပြီးဆုံးခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲခဲ့ပြီး ရာသီသစ်အတွက် ပြင်ဆင်မှုများ အမြန်ဆုံးလုပ်ဆောင်သွားရန် စီစဉ်နေခြင်း ဖြစ်သည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ပိုချက်တီနိုနေရာ အစားထိုးရန်အတွက် ဘရန့်ဖို့ဒ်နည်းပြ သောမတ်စ်ဖရန့်ခ်၊ အစ်ဝစ်ချ်အသင်းအား ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် မက်ကန်နာ၊ လက်စတာအသင်းအား ပရီးမီးယားလိဂ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် မာရက်စ်ကာတို့နှင့်အတူ ဘရိုက်တန်အသင်းနှင့် လမ်းခွဲထားသည့် ဒီဇယ်ဘီကို လျာထားစာရင်းတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

ဒီဇယ်ဘီသည် ဘရိုက်တန်အသင်းနှင့် လမ်းခွဲထားသော်လည်း ၎င်းကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါက ဘရိုက်တန်အသင်းထံ နစ်နာကြေးအဖြစ် ပေါင်(၅)သန်းဝန်းကျင် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဒီဇယ်ဘီသည် ချယ်လ်ဆီးအသင်း၏ နည်းပြသစ်ဖြစ်လာရန် အလားအလာ အကောင်းဆုံးဖြစ်နေသည်။

Most Read

Most Recent