မန်ယူတောင်ပံကစားသမားတိုက်စစ်ကစားသမား ဂါနာချိုသည် လစာတိုးတောင်းပြီး စာချုပ်သစ်ချုပ်ဆိုရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
မန်ယူအသင်းနှင့် ချုပ်ဆိုထားသည့် ဂါနာချို(၁၉ နှစ်)၏ လက်ရှိစာချုပ်မှာ ၂၀၂၈ ခုနှစ်တွင်မှ သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။
သို့သော် ဂါနာချိုသည် လက်ရှိ မန်ယူအသင်းတွင် တစ်ပတ်လစာ ပေါင် (၅၀၀၀၀) သာ ရရှိနေသည့်အတွက် လစာတိုးမြှင့်ရရှိရန် လိုလားနေခြင်း ဖြစ်သည်။
ဂါနာချိုသည် ယခုရာသီတွင် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၄၉) ပွဲတွင် (၉) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၅) ကြိမ် ပြုလုပ်ထားသည်။
လစာတိုးတောင်းပြီး စာချုပ်သစ်ချုပ်ဆိုရန် ဂါနာချို ဆန္ဒရှိ
Most Read
Most Recent
2 hours ago
3 hours ago
3 hours ago