အင်ဒီပန်ဒီယန်တေးနည်းပြရာထူးမှ တီဗက်ဇ် နုတ်ထွက်

အင်ဒီပန်ဒီယန်တေးနည်းပြရာထူးမှ တီဗက်ဇ် နုတ်ထွက်
Photo: X
Photo: X
Published 20 May 2024

အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူးဟောင်း ကားလို့စ်တီဗက်ဇ်သည် အင်ဒီပန်ဒီယန်တေးအသင်း၏ နည်းပြရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။

တီဗက်ဇ်(၄၀ နှစ်)သည် မန်ယူနှင့် မန်စီးတီးနှစ်သင်းစလုံးတွင် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် ကစားသမားဘဝမှ အနားယူပြီးနောက် နည်းပြလောကသို့ ဝင်ရောက်ခဲ့သူဖြစ်သည်။

တီဗက်ဇ်သည် လက်ရှိကလပ် အင်ဒီပန်ဒီယန်တေးအသင်းကို ၂၀၂၃ သြဂုတ်လတွင် စတင်ကိုင်တွယ်ခဲ့ပြီးနောက် ၂၀၂၃ ဒီ ဇင်ဘာလတွင် ၂၀၂၆ ဒီဇင်ဘာလအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့သည်။

သို့ရာတွင် (၆)လအကြာ၌ ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အင်ဒီပန်ဒီယန်တေးအသင်းအနေဖြင့် အာဂျင်တီးနားလိဂ်ဖလား ပြိုင်ပွဲတွင် နောက်ဆုံးအဆင့်သို့ တက်ရောက်ယှဉ်ပြိုင်ခွင့်မရရှိသည့်အတွက် တီဗက်ဇ်က ရာထူးမှနုတ်ထွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ဖွယ်ရှိကြောင်း နီးစပ်သူအချို့က သုံးသပ်ခဲ့သည်။

အင်ဒီပန်ဒီယန်တေးအသင်းက ''ပရိသတ်တွေကို ကျွန်တော်တို့ အသိပေးစရာရှိပါတယ်။ ကားလို့စ်တီဗက်ဇ်က အသင်းရဲ့ဘုတ်အဖွဲ့ကို ကိုယ်စားပြုတဲ့ အသင်းဥက္ကဋ္ဌ ဂရင်ဒက်တီဆီ ဒီအသင်းရဲ့ နည်းပြအဖြစ် ဆက်မလုပ်တော့ဘူးလို့ အသိပေးခဲ့တယ်ဆိုတဲ့အကြောင်းပါ''ဟု ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Most Read

Most Recent