စီးရီးအေပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 20 May 2024

ဆလာနီတာနာ နှင့် ဗီရိုနာ (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

တန်းဆင်းသွားပြီဖြစ်တဲ့ ဆလာနီတာနာက နောက်ဆုံးပွဲမှာ ဂျူဗင်တပ်စ်ကို အံ့အားသင့်ဖွယ် သရေကစားပြခဲ့တယ်။ ဗီရိုနာကလည်း တန်းဆင်းအန္တရာယ်ရှိသေးတဲ့ အသင်းပါ။ ဗီရိုနာ သရေနဲ့ အနိုင်ပဲ။

ဘိုလော့ဂ်နာ နှင့် ဂျူဗင်တပ်စ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

အဆင့်(၃)နေရာအတွက် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပွဲကောင်းတစ်ပွဲအဖြစ် မြင်ရဖို့လည်း ရှိတယ်။ ဂျူဗင်တပ်စ်က စီးရီးအေအဝေးကွင်းနောက်ဆုံး (၇)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေပြီး အဝေးကွင်းဆိုရင် တိုက်စစ်ကစားပုံပါ သိသိသာသာကျဆင်းသွားတာကိုလည်း တွေ့ရတယ်။ ဘိုလော့ဂ်နာကတော့ ဂျူဗင်တပ်စ်နဲ့ ဆန့်ကျင်ဘက်ပဲ။ နည်းပြ မော့တာရဲ့အသင်းက စနစ်တကျရှိပြီး နောက်ဆုံး (၅)ပွဲမှာ နာပိုလီ၊ ရိုးမားတို့လိုအသင်းတွေကို အနိုင်ကစားခဲ့တယ်။ အိမ်ကွင်းလည်းဖြစ်လို့ ဘိုလော့ဂ်နာ သရေနဲ့ အနိုင်ပဲလို့ ထင်မိတယ်။

Most Read

Most Recent