ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့သုံးမြို့ ပါဝင်လာပြီး ယခင်ရက်များထက် အပူချိန်ပိုမိုမြင့်တက်လာသည်ကို တွေ့ရ

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့သုံးမြို့ ပါဝင်လာပြီး ယခင်ရက်များထက် အပူချိန်ပိုမိုမြင့်တက်လာသည်ကို တွေ့ရ
Published 17 May 2024

ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့သုံးမြို့ပါဝင်လာပြီး ယခင်ရက်များထက် အပူချိန်ပိုမိုမြင့်တက်လာကြောင်း အပူချိန်နှင့် မိုးရွာသွန်းမှုအခြေအနေများကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည့် Eldorado weather ၏ မေ ၁၇ ရက်တွင် ဖော်ပြထားသည့်စာရင်းအရ သိရသည်။

မေ ၁၇ ရက် မွန်းလွဲ ၃ နာရီတွင် ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၄၆ ဒသမ ၆ ဒီဂရီ စင်တီဂရိတ်ဖြင့် အဆင့် ၂ ဖြင့်လည်းကောင်း၊ မကွေးမြို့မှာ ၄၅ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၁ နေရာတွင်လည်းကောင်း၊ စစ်ကိုင်းမြို့မှာ ၄၅ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၅ နေရာတွင် လည်းကောင်း အသီးသီးရောက်ရှိနေသည်ကို တွေ့ရသည်။

ချောက်မြို့နှင့် မကွေးမြို့မှာ ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့်အပူချိန်များအရ မေ ၁၇ ရက်၏ အပူချိန်မှာ ပိုမိုမြင့်တက်လာခဲ့သည်ကို တွေ့ရသည်။

မေ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့မှာ ၄၅ ဒသမ ၈ ဒီဂရီ စင်တီဂရိတ်၊ မကွေးမြို့မှာ ၄၄ ဒသမ ၆ ဒီဂရီစင်တီဂရိတ်သာရှိခဲ့ခြင်းဖြစ်သည်။

ဧပြီလ တစ်လလုံးနီးပါး မြန်မာနိုင်ငံအလယ်ပိုင်းဒေသရှိ မြို့များဖြစ်သည့် ချောက်မြို့၊ မကွေးမြို့၊ မင်းဘူမြို့ အစရှိသည့်မြို့များမှာ ကမ္ဘာ့အပူဆုံးမြို့များတွင် ဆက်တိုက်ပါဝင်ခဲ့သော်လည်း မေလဆန်းပိုင်းတွင် မိုးရွာသွန်းမှုများ ရှိလာသဖြင့် အပူဆုံးမြို့များတွင် ပါဝင်ခြင်းမရှိရာမှ မေ ၁၄ ရက်မှစတင်ကာ ချောက်မြို့မှာ ပြန်လည်ပါဝင်လာခဲ့သည်။

အဆိုပါမြို့နှစ်မြို့မှာ မေ ၁၅ ရက်တွင်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့တွင် ပါဝင်ခဲ့ပြီး မေ ၁၆ ရက်တွင် ယခင်နေ့ထက် ပိုမိုပူပြင်းခဲ့သည်ကို တွေ့ရသည်။

Most Read

Most Recent