ဘာစီလိုနာအသင်းမှ ဘရိုက်တန်အသင်းထံ အငှားချခံထားရသည့် စပိန်လက်ရွေးစင် တိုက်စစ်ကစားသမား အန်ဆူဖာတီသည် လာမည့်ရာသီ၌ ဆီဗီလာအသင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေကြောင်း သိရသည်။
အန်ဆူဖာတီ(၂၁ နှစ်)ကို ဘာစီလိုနာအသင်းက အသင်းတွင် ပြန်လည်နေရာပေးလိုခြင်းမရှိသလို၊ ဘရိုက်တန်အသင်းကလည်း ထပ်မံခေါ်ယူလိုခြင်းမရှိသည့်အတွက် ၎င်းက ဆီဗီလာအသင်းထံ ပြောင်းရွှေ့ကစားရန် ဆန္ဒရှိနေခြင်းဖြစ်ကြောင်း သိရသည်။
အန်ဆူဖာတီ၏ ဖခင်ဖြစ်သူက အဆိုပါအပြောင်းအရွှေ့ ဖြစ်မြောက်လာရန် မျှော်လင့်သည်ဟု ပြောကြားခဲ့သည်။