■ ယနေ့ည ကစားမည့် ဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 

■ ယနေ့ည ကစားမည့် ဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 17 May 2024

■ စီးရီးအေပွဲစဉ် (၃၇)  ပွဲကြိုသုံးသပ်ချက် 

ဖီအိုရင်တီးနား - နာပိုလီ (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၁၅ နာရီ)

ဖီအိုရင်တီးနားက ချီးကျူးစရာပုံစံမျိုးကို ပြနေပြီး ဥရောပဝင်ခွင့်အတွက်လည်း အခြေအနေကောင်းနေတယ်။ သူတို့ရဲ့ တိုက်စစ်ကစားပုံက အထင်ကြီးစရာဖြစ်ပြီး နောက်ဆုံး (၄)ပွဲမှာ (၁၀)ဂိုးအထိ သွင်းနိုင်ခဲ့တယ်။ နာပိုလီကတော့ ဖီအိုရင်တီးနားနဲ့ ဆန့်ကျင်ဘက်ပဲ။ စိတ်ပျက်စရာကစားပုံနဲ့ စီးရီးအေနောက်ဆုံး (၈)ပွဲမှာ (၁)ပွဲပဲ နိုင်ခဲ့တယ်။ ဖလောရင့်မှာ ဖီအိုရင်တီးနားပဲ အနိုင်ရဖို့များတယ်။

■ ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-offs ဆီမီးဖိုင်နယ် ဒု-ကျော့ ပွဲကြိုသုံးသပ်ချက်

ဆောက်သမ်တန် - ဝက်စ်ဘရွန်း (မြန်မာစံတော်ချိန် မေလ ၁၈ ရက် နံနက် ၁:၃၀ နာရီ)

ပထမအကျော့မှာ ဂိုးမရှိသရေကျခဲ့ပေမယ့် ဆောက်သမ်တန်က ကစားအားပိုကောင်းခဲ့တာပါ။ အခုဒုတိယအကျော့မှာ နှစ်သင်းစလုံးအတွက် အခွင့်အရေးရှိနေတယ်ဆိုပေမယ့် ဆောက်သမ်တန်ရဲ့ အိမ်ကွင်းအားကို ဝက်စ်ဘရွန်းတို့ပွဲချိန်ပြည့် တောင့်ခံဖို့ခက်ပါလိမ့်မယ်။ အစဉ်အလာတွေအရလည်း ဆောက်သမ်တန်ကအသာရထားလို့ အခုပွဲလည်းဝက်စ်ဘရွန်းအတွက်ဖိအားများဦးမှာပါ။ ဆောက်သမ်တန်ပဲ ရွေးထားမယ်။

 

Most Read

Most Recent