ဂီမာရေ့စ်အား ခေါ်ယူရန် အာဆင်နယ်အသင်း ချိတ်ဆက်

ဂီမာရေ့စ်အား ခေါ်ယူရန် အာဆင်နယ်အသင်း ချိတ်ဆက်
Photo: Getty Images
Photo: Getty Images
Published 16 May 2024

အာဆင်နယ်အသင်းသည် နယူးကာဆယ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်အား ခေါ်ယူရန် ချိတ်ဆက်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။

ဘရာဇီးလ်ကွင်းလယ်ကစားသမား ဂီမာရေ့စ်(၂၆ နှစ်)သည် နယူးကာဆယ်အသင်းတွင် ခြေစွမ်းပြနေပြီး ၎င်းကိုခေါ်ယူရန် ရီးယဲလ်၊ PSG အပါအဝင် ဥရောပထိပ်တန်းအသင်းများစွာက စိတ်ဝင်စားနေကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာဖွယ်ရှိသည့် ပါတေး၏နေရာတွင် ဂီမာရေ့စ်နှင့် အစားထိုးရန် ဆန္ဒရှိနေပြီး ကစားသမား၏အေးဂျင့်ထံ ဆက်သွယ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာ Daily Mail က ဖော်ပြခဲ့သည်။ 

Most Read

Most Recent