ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 13 May 2024

အက်စတွန်ဗီလာ နှင့် လီဗာပူးလ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

အက်စတွန်ဗီလာက အဆင့် ၄ နေရာ သေချာနေသလို၊ လီဗာပူးလ်ကလည်း အဆင့်  ၃ နေရာ သေချာနေပါပြီ။ ဒီပွဲက ဘာအတွက်မှ ကစားမှာမဟုတ်ပဲ ဂုဏ်သိက္ခာအရပဲ ကစားမယ့်ပွဲပါ။ လက်ရှိအချိန်မှာ နှစ်သင်းစလုံးရဲ့အကောင်းဆုံးအချိန်မဟုတ်ပဲ ရလဒ်တွေကလည်း နည်းနည်းလူးနေတယ်။ ဒါပေမဲ့ လီဗာပူးလ်ကတော့ ပိုကောင်းတဲ့ ခြေစွမ်းနဲ့ လူအင်အား ရှိနေဆဲပါ။ လီဗာပူးလ်ကို ကြိုက်တယ်။ 

လက်ချီ နှင့် အူဒီးနီးစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၁းဝ၀ နာရီ)

အူဒီးနီးစ်အတွက်ကတော့ တကယ်ကို သေရေး၊ ရှင်ရေးပါပဲ။ ပွဲကျပ်တွေကို တောက်လျှောက်ကစားခဲ့ရပြီး တန်းဆင်းဇုန်ထဲက အခုထိရုန်းမထွက်နိုင်သေးဘူး။ ဒါပေမဲ့ လက်ချီက ဖိအားမရှိတော့လို့ အူဒီးနီးစ်ကို ကြိုက်တယ်။

ဖီအိုရင်တီးနား နှင့် မွန်ဇာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၁၅ နာရီ)

ဖီအိုရင်တီးနားရဲ့ ဥရောပဝင်ခွင့်မျှော်လင့်ချက်က မရှိသလောက်ဖြစ်သွားပါပြီ။ မွန်ဇာက စီးရီးအေနောက်ဆုံး(၆)ပွဲဆက် နိုင်ပွဲပျောက်ဆုံးနေတယ်။ သရေကျဖို့များတဲ့ပွဲလို့ ထင်မိတယ်။ (၀-၀)၊ (၁-၁)ရလဒ်တွေကို ကြိုက်တယ်။

ဘာစီလိုနာ နှင့် ဆိုစီဒက် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)

ဘာစီလိုနာကတော့ ဒီရာသီ (၂)ပွဲစလုံး အရှုံးပေးထားရတဲ့ ကတ်တလန်မြို့ခံ ဂျီရိုနာကိုပြန်ကျော်ပြီး အဆင့် (၂)နေရာ နဲ့ သိက္ခာဆယ်နိုင်အောင်လုပ်ပြရလိမ့်မယ်။ ဒါပေမဲ့ ဆိုစီဒက်ကလည်း ယူရိုပါလိဂ်တစ်နေရာစာအတွက် ဘက်တစ်နဲ့အပြိုင် လုနေရလို့ ဘာစီလိုနာကွင်းကို လျော့လျော့ရဲရဲနဲ့ရောက်လာမယ့်ပုံမပေါ်ဘူး။ ပြီးခဲ့တဲ့ရာသီကလို အနိုင်ရရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ဘာစီလိုနာကွင်းကိုလာပြီး အိမ်ရှင်ကိုရင်ဆိုင်လာနိုင်တယ်။ ဘာစီလိုနာကတော့ ဖလားလက်မဲ့ရာသီသေချာသွားတာနဲ့အမျှ ကစားပုံပါအားလျော့သွားသလိုမျိုးကို ဂျီရိုနာနဲ့ ပွဲမှာတွေ့လိုက်ရတယ်။ ဒီလိုအခြေအနေတွေကနေ အသင်းကို နည်းပြဇာဗီပြန်ဆွဲတင်ပေးနိုင်မလားဆိုတာပဲစောင့်ကြည့်ရမှာပါ။ နှစ်သင်းစလုံးရဲ့လက်ရှိခြေစွမ်းအရတော့ ဂိုးနည်းသရေပွဲလို့ပဲ ထင်နေမိတယ်။

Most Read

Most Recent