မန္တလေးဈေးချိုတွင် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် မူးလဲခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံး

မန္တလေးဈေးချိုတွင် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် မူးလဲခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံး
Published 9 April 2024

မန္တလေးဈေးချိုတွင် အမျိုးသမီးတစ်ဦး ဈေးဝယ်နေစဉ် မူးလဲခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။

အဆိုပါအမျိုးသမီးမှာ ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ ဈေးချိုဈေး 28 -29 × 85 - 86 လမ်းတွင် ဈေးဝယ်နေစဉ် မူးလဲခဲ့သောကြောင့် အနီးအနားရှိ ပြည်သူတစ်ဦးက အကူအညီတောင်းခံခဲ့သဖြင့် မဏီစလလူမှုကူညီ‌ရေးအသင်း သွားရောက်ကူညီခဲ့သည်။

အဆိုပါမူးလဲခဲ့သည့် အမျိုးသမီးမှာ မန္တလေးပြည်သူ့ဆေးရုံကြီး OPD သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားပါသဖြင့် ၎င်းအမျိုးသမီးအား  ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါအမျိုးသမီးမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရှိရသေးဘဲ စုံစမ်းလျက်ရှိကြောင်း အဆိုပါအသင်းထံမှ သိရသည်။

Most Read

Most Recent