■ ယာဂန်ကလော့ပ်သည် ဂန္ထဝင်တစ်ဦးဖြစ်နေပြီဟု တိုနီကရို့စ် ချီးကျူး

■ ယာဂန်ကလော့ပ်သည် ဂန္ထဝင်တစ်ဦးဖြစ်နေပြီဟု တိုနီကရို့စ် ချီးကျူး
Photo: Getty Images
Photo: Getty Images
Published 2 February 2024

ရီးယဲလ်အသင်းမှ ဂျာမနီကွင်းလယ်ကစားသမား တိုနီကရို့စ်က လီဗာပူးလ်အသင်းနှင့် ရာသီကုန်တွင် လမ်းခွဲတော့မည့်  ဂျာမန်နည်းပြ ယာဂန်ကလော့ပ်သည် ဂျာမနီ၊ လီဗာပူးလ်နှင့် အင်္ဂလန်တွင် ဂန္ထဝင်တစ်ဦး ဖြစ်နေပြီဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ယာဂန်ကလော့ပ်အား ခေါ်ယူနိုင်မည့်အသင်းကို ဂုဏ်ပြုရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

"သူက လက်ရှိ အချိန်မှာ ဂျာမနီရဲ့ ဂန္ထဝင်တစ်ယောက်ဖြစ်သလို၊ လီဗာပူးလ်နဲ့ အင်္ဂလန်မှာလည်း ဂန္ထဝင်ပါပဲ။ သူက သင့်တော်တဲ့ အသင်းသစ်ကိုလည်း ရွေးချယ်နိုင်မှာပါ"ဟု တိုနီကရို့စ်က ပြောကြားခဲ့သည်။