အမေရိကန်နှင့် မြောက်အမေရိကတွင် ဂေါ့ဖ်ပြိုင်ပွဲများ ကျင်းပလျက်ရှိသည့် PGA Tour သည် အမေရိကန်အခြေစိုက် Strategic Sports Group (SSG) နှင့် ဒေါ်လာ (၃) ဘီလီယံတန်ဖိုးရှိသည့် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီး ယင်းစာချုပ်အရ LIV Golf သို့ သွားရောက်ယှဉ် ပြိုင်ခြင်းမရှိသည့် ကစားသမားများ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
Strategic Sports Group (SSG) မှာ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းနှင့် မေဂျာလိဂ် ဘေ့စ်ဘောကလပ် ဘော်စတွန် Red Sox အသင်းတို့ကို ပိုင်ဆိုင်သည့် Fenway Sports Group (FSG) ၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး PGA Tour နှင့် ဒေါ်လာ (၃)ဘီလီယံတန်ဖိုးရှိသည့် စာချုပ်ချုပ်ဆိုရန် ဇန်နဝါရီ (၃၁)တွင် သဘောတူညီမှု ရရှိခဲ့သည်။
SSG အနေဖြင့် ကနဦးအ ဖြစ် ဒေါ်လာ (၁.၅) ဘီလီယံကို ချက်ချင်း ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး PGA Tour တွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် ကစားသမား (၂၀၀) ဝန်းကျင်မှာ ဆုကြေးရရှိမှုအပေါ် မူတည်၍ အကျိုးခံစားခွင့်ရမည်ဖြစ်သည်။
သို့သော် အဆိုပါအကျိုးခံစားခွင့်ကို PGA Tour တွင် ဆက်လက်ယှဉ်ပြိုင်နေသည့် ကစားသမားများနှင့် LIV Golf သို့ သွားရောက်ယှဉ်ပြိုင်ရန် ကမ်းလှမ်းမှုကို ငြင်းဆန်ထားသူများသာ ရရှိမည်ဟု သိရသည်။