လီဗာပူးလ်အသင်း၏ လက်ထောက်နည်းပြတစ်ဦးဖြစ်သည့် ပတ်လင်ဒါစ်က ရာသီကုန်၌ အသင်းနှင့် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
လင်ဒါစ်သည် ရာသီကုန်တွင် နည်းပြ ယာဂန်ကလော့ပ်နှင့်အတူ လီဗာပူးလ်အသင်းမှ ထွက်ခွာမည့် လက်ထောက်နည်းပြ(၃)ဦးထဲမှ တစ်ဦးဖြစ်သည်။
၎င်းသည် လီဗာပူးလ်အသင်း၏ လက်ထောက်နည်းပြအဖြစ် နှစ်ကြိမ်မြောက် လုပ်ဆောင်နေခြင်းဖြစ်သည်။
၎င်းက "လက်ထောက်နည်းပြဘဝကို ကလော့ပ်နဲ့ပဲ အဆုံးသတ်မယ်လို့ ကျွန်တော် အမြဲပြောခဲ့ပါတယ်။ ကျွန်တော် လက်ထောက်နည်းပြအဖြစ် ထပ်လုပ်တော့မှာမဟုတ်ပါဘူး။ နည်းပြအဖြစ်ပဲ လုပ်ဆောင်သွားတော့မှာပါ"ဟု ပြောကြားခဲ့သည်။