၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါး၊ ပြည်သူ ၅,၆၇၇ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၁၁၂၄ ဦး၊ စုစုပေါင်း ၆,၈၈၀ ဦး ပျံလွန်/သေဆုံးခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ ၆ လတာကာလအတွင်း နိုင်ငံတစ်ဝန်း PDF အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရဟန်း/သံဃာ ၃ ပါး ပျံလွန်ခဲ့ပြီး ပြည်သူ ၄၃၈ ဦး နှင့် နိုင်ငံဝန်ထမ်း ၇၉ ဦး၊ စုစုပေါင်း ၅၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာလအတွင်း လျှပ်စစ်/ဆက်သွယ်ရေး တာဝါတိုင် ၁၁ ခု၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၉၇ ခု၊ ကျန်းမာရေးအဆောက်အဦ ၆ လုံး၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၁၃ လုံးအပါအဝင် လူနေအိမ်များ၊ အခြား အဆောက်အဦများ ဖျက်ဆီးခြင်းခံခဲ့ရကြောင်းလည်း သိရသည်။
ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်အထိ PDF အဖွဲ့များ၏ ဖျက်ဆီးမှုကြောင့် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၅၅၉ ခု အပါအဝင် ကျန်းမာရေးအဆောက်အဦ ၅၃ လုံး၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၁၄၈၇ ခု၊ စာသင်ကျောင်း/ ပညာရေးအဆောက် အဦ ၆၇၀ လုံးအပါအဝင် လူနေအိမ်များ၊ အခြားအဆောက်အဦများ များစွာဖျက်ဆီး ခြင်းခံခဲ့ရကြောင်း သိရသည်။
ထို့အပြင် ပညာရေးနှင့်ပတ်သက်၍ ပညာရေးဝန်ထမ်းများအပေါ် ၄၁၃ ကြိမ် ခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်တွင်လည်း KNPP အဖွဲ့နှင့် PDF များသည် လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေသည့် ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းလည်း သိရသည်။