ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလို၊ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလို၊ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိ
ပုံစာ - ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်၊ ကျည်ဆန်များကို တွေ့ရစဉ်
ပုံစာ - ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများ၊ လက်နက်၊ ကျည်ဆန်များကို တွေ့ရစဉ်
Published 27 January 2024

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ နယ်တွင် ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုး ရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလို၊ သေနတ်နှစ်လက်နှင့် ကျည်ဆန်များ ဖမ်းဆီးရမိကြောင်း  မြန်မာ နိုင်ငံ မူးယစ်ဆေးထိန်းချုပ်ရေး ဗဟိုကော်မတီ - CCDAC Myanmar ၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် သတင်းအရ ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော် (၃) ရွာအနီး၌ စောင့်ဆိုင်း စဉ် သတင်းရရှိထားသည့်  Toyota Hilux Revo မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစောနှင့် အားကော်တို့ သယ် ဆောင်လာသည့် ဒေသကာလတန်ဖိုး ကျပ် ၁၅ ဒသမ ၁ ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူဘ လောက်တုံး ၅၀၀ တုံး၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ် (မက်သ်အဖက်တမင်း) ၁၅၀၂ ကီလို၊ ကတ်တ မင်း ၅၅ ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိသည်။

ထို့ပြင် ၎င်း တို့ထံမှ M-16 သေနတ် တစ် လက်၊ ၎င်းကျည် ၃၀ တောင့်၊ M-22 သေနတ် တစ်လက်၊ ၎င်းကျည် ၃၀ တောင့်တို့ကို သိမ်း ဆည်းရမိခဲ့သဖြင့် အားစောနှင့် အားကော်တို့ အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်း ဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ် ဆေးဖော်ထုတ်လျက်ရှိကြောင်း CCDAC Myanmar  က သတင်းထုတ်ပြန်သည်။

 

 

 

Most Read

Most Recent