ယခုရာသီ ရီးယဲလ်အသင်း၏ မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားစာရင်းတွင် ဟိုဆေးလူ ထိပ်ဆုံး၌ ရပ်တည်နေပြီး အသင်းတွင် ဆက်ရှိနိုင်ရန် မျှော်လင့်နေ

ယခုရာသီ ရီးယဲလ်အသင်း၏ မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားစာရင်းတွင် ဟိုဆေးလူ ထိပ်ဆုံး၌ ရပ်တည်နေပြီး အသင်းတွင် ဆက်ရှိနိုင်ရန် မျှော်လင့်နေ
Photo : Getty Images
Photo : Getty Images
Published 22 January 2024

ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဟိုဆေးလူသည် ယခုရာသီအသင်း၏ ပွဲကစားချိန်မိနစ်အလိုက် ဂိုးသွင်းနှုန်းအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်နေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

ဟိုဆေးလူသည် ပြီးခဲ့သည့် ၂၀၂၃ နွေရာသီက အက်စ်ပန်ညိုအသင်းမှ ရီးယဲလ်အသင်းသို့ တစ်ရာသီ အငှားစာချုပ်ဖြင့် လာရောက်ကစားနေသူဖြစ်ပြီးအသင်းအတွက် ပြိုင်ပွဲစုံ (၂၉)ပွဲကစားရာတွင် (၁၁) ဂိုးသွင်းယူ ကာ ဂိုးဖန်တီးမှု (၃)ကြိမ်ပြုလုပ်ပေးနိုင်ခဲ့သည်။

ဟိုဆေးလူသည်ရီးယဲလ်အသင်းအတွက် (၂၉)ပွဲကစားထားသော်လည်း မိနစ်အားဖြင့် (၁၂၆၀)မိနစ်သာရှိသောကြောင့် ပျမ်းမျှပွဲကစားချိန် (၁၁၄)မိနစ်တိုင်း (၁)ဂိုးသွင်းနှုန်း သွင်းယူနိုင်ခဲ့သည်။

ရီးယဲလ်အသင်းသည် ဟိုဆေးလူအား ဘန်ဇီမာ ထွက်ခွာသွားသည့်နေရာအတွက်အစားထိုး ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ဗင်နီစီယပ်စ်၊ ရိုဒရီဂိုတို့နောက် တတိယဦးစားပေး အဖြစ်သာ ပွဲကစားခွင့်ရရှိနေသော်လည်း ယခုကဲ့သို့ခြေစွမ်းပြဂိုးများသွင်းယူနိုင်ခဲ့သည့်အတွက် စာချုပ်ထပ်မံချုပ် ဆိုသွားဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့သည်။

ဟိုဆေးလူ အနေဖြင့်လည်း ရီး ယဲလ်အသင်းတွင်ပျော်ရွှင်နေပြီး အသင်းအတွက် နောက်ထပ်တစ်ရာသီ (သို့မဟုတ်) နှစ်ရာသီအထိ ထပ်မံကစားပေးသွားနိုင်ရန် မျှော်လင့်နေကြောင်း သိရသည်။

သို့သော်ရီးယဲလ် အသင်းအနေဖြင့် ဘရာဇီးလ်ကြယ်ပွင့် တိုက်စစ်မှူး အန်းဒရစ်ချ်အားခေါ်ယူထားသလို ပြင်သစ်တိုက်စစ်မှူးဘာပေနှင့်လည်း အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်နေသည့်အတွက် ဟိုဆေးလူ၏ စာချုပ်သစ်အား ရာသီကုန်အထိ စောင့်ကြည့်သွားရဖွယ်ရှိနေသည်။

Most Read

Most Recent