ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက် အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိ

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက် အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိ
 PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ ၏ မီးရှို့မှုကြောင့် မီးလောင် ပျက်စီးသွားသည့် လက်နက် ခဲယမ်း မှတ်တမ်း ဓါတ်ပုံများ
PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ ၏ မီးရှို့မှုကြောင့် မီးလောင် ပျက်စီးသွားသည့် လက်နက် ခဲယမ်း မှတ်တမ်း ဓါတ်ပုံများ
Published 21 January 2024

 ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာတွင် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများ မောင်းနှင်လာသော မော်တော်ယာဉ်များပေါ်မှ လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက် အပါအဝင် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်တွင် တရားမဝင် လက်နက်/ခဲယမ်းများ သယ်ဆောင်ရန်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် ဇန်နဝါရီ ၂၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် စံဖူးကျေးရွာသို့ရောက်ရှိလာသည့် PNLO ယူနီဖောင်းဝတ်ဆင်ထားသူများလိုက်ပါ၍ Canter ယာဉ် နှစ်စီး၊ Honda Fit တစ်စီး၊ ဖိုးဝှီးယာဉ် နှစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ငါးစီးပါ ယာဉ်တန်းအား တွေ့ရှိရသဖြင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ PNLO ယူနီဖောင်းဝတ်ဆင်ထားသူ တစ်ဦးက သေနတ်စတင်ပစ်ဖောက်မှု ဆောင်ရွက်လာသည့်အတွက် ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

PNLO အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ ဖြစ်သည့်အတွက် ငြိမ်းချမ်းရေးကို ရှေးရှု၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ပြီး NCA ပါ သဘောတူညီချက်များအား လေးစားလိုက်နာစေရေး ဆွေးနွေးညှိနှိုင်းခဲ့သည့်အတွက် ပစ်ခတ်မှု ရပ်တန့်သွားခဲ့ကြောင်း၊ သို့သော်လည်း PNLO ယူနီဖောင်းဝတ်ဆင်ထားသူများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လုံခြုံရေးညှိနှိုင်းစေ့စပ်မှု ဆောင်ရွက်နေစဉ်အတွင်း ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့ယာဉ်တန်းမှ ယာဉ်များအား မီးရှို့ထွက်ပြေးခဲ့ခြင်းကြောင့် ယာဉ်ပေါ်ရှိ လက်နက်ခဲယမ်းများ ပေါက်ကွဲပြီး စံဖူးကျေးရွာရှိ နေအိမ်များသို့ မီးများကူးစက်ခဲ့ကာ နေအိမ် ၂၇ လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။

မီးလောင်မှုဖြစ်ပွားနေရာသို့ ဟိုပုံးမြို့နယ်နှင့် တောင်ကြီးမြို့နယ်တို့မှ မီးသတ်ယာဉ်( ၆)စီးနှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းမီးငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

မီးလောင်ပျက်စီးနေသည့် ယာဉ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးခဲ့ရာ Canter ယာဉ် နှစ်စီးပေါ်မှ မီးလောင်ပျက်စီးလျက်ရှိသည့် လက်နက်ငယ်မျိုးစုံ ၅၀၄ လက်၊ RPG ၁၀ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးနှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

 

Most Read

Most Recent