အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေနှင့် ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 21 January 2024

■ အီတလီစီးရီးအေ ပွဲစဉ် (၂၁)

ဖရိုဆီနိုနီ - ကာဂလီယာရီ ( တနင်္ဂနွေညနေ ၆း၀၀ နာရီ)

ပြိုင်ပွဲစုံနောက်ဆုံး (၅)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ ဖရိုဆီနိုနီက ပွဲ ကျပ်ကာလကို ဖြတ်သန်းခဲ့ရတယ်။ ကာဂလီယာရီက တိုးတက် လာတဲ့အသင်းပါ။ ဒါပေမဲ့ ဒီပွဲတော့ အိမ်ကွင်းမှာ ဖရိုဆီနိုနီ နိုင်ပွဲ ပြန်ရမယ်။

အမ်ပိုလီ - မွန်ဇာ ( တနင်္ဂနွေည ၈း၃၀ နာရီ)

အမ်ပိုလီက စိတ်ပျက်စရာပုံစံနဲ့ နောက်ဆုံး (၈)ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး သွင်းဂိုးတစ်ဂိုးရရှိဖို့ကိုတောင် ရုန်းကန်နေ ရတယ်။ မွန်ဇာက ထိပ်သီးတွေနဲ့ဆို ရလဒ်ဆိုးတတ်ပေမဲ့ နိုင် သင့်တဲ့ပွဲတွေဆို အမှားမရှိသလောက်ပဲ။  မွန်ဇာကို ကြိုက်တယ်။ ဂိုးများနိုင်တယ်။

ဆလာနီတာနာ - ဂျီနိုအာ ( တနင်္ဂနွေည ၁၁း၃၀ နာရီ)

ဂျီနိုအာက ကစားပုံမဆိုးပေမဲ့ အထက်မရောက်အောက်မ ရောက်အသင်းပါ။ ဒါ့အပြင် ဆလာနီတာနာကွင်းမှာ ကစားတဲ့ နောက်ဆုံး (၄)ပွဲမှာ (၃)အထိ ဂျီနိုအာ ရှုံးနိမ့်ခဲ့တယ်။ တန်းဆင်းဇုန် က ရုန်းထွက်ဖို့ကြိုးစားမယ့် ဆလာနီတာနာကို ကြိုက်တယ်။

လက်ချီ - ဂျူဗင်တပ်စ် ( တနင်္လာနံနက် ၂း၁၅ နာရီ)

ဒီအချိန်က လက်ချီအတွက် ခက်ခဲမယ့်ကာလအပိုင်းအ ခြားလို့ ဆိုရမယ်။ အင်တာမီလန်၊ အတ္တလန်တာ၊ လာဇီယိုတို့လို အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပွဲတိုင်းရှုံးခဲ့သလို၊ အဲဒီ (၃)ပွဲမှာ လည်း သွင်းဂိုးတစ်ဂိုးမှ မရခဲ့ဘူး။ ဂျူဗင်တပ်စ်ကိုတော့ ချန်ပီယံ ဆုအတွက် အင်တာမီလန်ကို စိန်ခေါ် နိုင်တဲ့ တစ်သင်းတည်း သော အသင်းလို့ ဆိုရမယ်။ တစ်ပွဲထက်တစ်ပွဲ ပိုကောင်းတဲ့ ပုံ စံကို ဂျူဗင်တပ်စ်အသင်း ပြသနေပြီး ဗလာဟိုဗစ်၊ မီလစ်ခ်တို့လို ကစားသမားတွေ ဂိုးပေါက်ပြန်တွေ့နေတာကလည်း အားရစရာ ပါပဲ။ ဂျူဗင်တပ်စ် နိုင်ပွဲဆက်ဦးမယ်။

■ ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၁၈)

ဘိုင်ယန်မြူးနစ် - -ဝါဒါဘရီမင် ( တနင်္ဂနွေည ၉း၀၀ နာရီ)

ဘိုင်ယန်မြူးနစ်အသင်းက ဘွန်ဒစ်လီဂါအိမ်ကွင်း (၆)ပွဲဆက် အနိုင်ကစားထားပြီး ပွဲတိုင်း ဂိုးပြတ်အနိုင်ရခဲ့သလို၊  (၅)ပွဲက အနိမ့်ဆုံး(၃)ဂိုးပြတ်နဲ့အထက် ရှိခဲ့ပါတယ်။ ဟာရီ ကိန်းကလည်း ဂိုးသွင်းနှုန်းမကျဘဲ ပွဲတိုင်းလိုလို ဂိုးတွေသွင်း နေတယ်။ ဝါဒါဘရီမင်ကလည်း လတ်တလောရလဒ်ပိုင်းအရ ခြေတက်လာတယ်လို့ ပြောရမယ်ထင်တယ်။ ဘိုင်ယန်ကိုပဲ ဆက်ရွေးထားချင်တယ်။

မိုချန်ဂလာဘတ် - အော့စ်ဘတ် ( တနင်္ဂနွေည ၁၁း၃၀ နာရီ)

မိုချန်ဂလာဘတ်အသင်းရဲ့အိမ်ကွင်းစွမ်းဆောင်ရည်က  မြင့်တက်လာတယ်လို့ပဲ ပြောရမယ်။ မိုချန်အသင်း အနိုင်ကစား ဖို့များတယ်။

Most Read

Most Recent