ပြည်မြို့တွင် နေအိမ်သုံးလုံး မီးလောင်ခံရပြီး လေဖျန်းနေသည့် အဖိုးအိုတစ်ဦး သေဆုံး

ပြည်မြို့တွင် နေအိမ်သုံးလုံး မီးလောင်ခံရပြီး လေဖျန်းနေသည့် အဖိုးအိုတစ်ဦး သေဆုံး
Published 15 January 2024

ပြည်မြို့တွင် နေအိမ်သုံးလုံး မီးလောင်ခံရပြီး လေဖျန်းနေသည့် အဖိုးအိုတစ်ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်)မှ သိရသည်။

မီးလောင်မှုမှာ ဇန်နဝါရီ ၁၅ ရက် နေ့လည် ၃ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း (ပြည်ခရိုင်) ပြည်မြို့ - သန္ဓေပင်ရပ်တွင် နေအိမ်သုံးလုံး မီးလောင်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ မီးလောင်မှုဖြစ်ပွားခြင်းကြောင့် နေအိမ်တစ်လုံးတွင် ရှိနေသည့် လေဖျန်းနေသည့် အဘိုးအိုတစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ(ပြည်)မှ သိရသည်။

မီးလောင်မှုကြောင့် သေဆုံးခဲ့သည့် အဘိုးအိုအား လာရောက်သယ်ဆောင်ပေးပါရန် အကြောင်းကြားခဲ့သဖြင့် ခေတ္တရာလူငယ်များ သာရေး/နာရေး ကူညီပံ့ပို့းမှုအသင်းနှင့် ပရဟိတပါရမီမှ ပူးပေါင်းကူညီ၍ ပြည်ကုတင် (၅၀၀) ဆေးရုံကြီး ရင်ခွဲရုံသို့ လိုက်ပါပို့ဆောင်ကူညီပေးခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ပရဟိတ (ပြည်)မှ သိရသည်။

Most Read

Most Recent