■ အက်သလက်တီကိုအသင်းသမိုင်းတွင် အရေးပါသည့် ကစားသမားဖြစ်လိုကြောင်း ဂရီးဇ်မန်း ပြောကြား     

■ အက်သလက်တီကိုအသင်းသမိုင်းတွင် အရေးပါသည့် ကစားသမားဖြစ်လိုကြောင်း ဂရီးဇ်မန်း ပြောကြား     
Photo: Getty Images
Photo: Getty Images
Published 12 January 2024

အက်သလက်တီကိုတိုက်စစ်ကစားသမား ဂရီးဇ်မန်းက မိမိအနေဖြင့် အသင်းသမိုင်းတွင် အလွန်အရေးပါသည့် ကစားသမားဖြစ်လိုကြောင်း ပြောကြားခဲ့သည်။ 

အက်သလက်တီကိုတိုက်စစ် မှူး ဂရီးဇ်မန်းသည် ဒါဘီပြိုင်ဘက် ရီးယဲလ်အသင်းနှင့်ပွဲတွင် တစ်ဂိုးသွင်းယူပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ခဲ့သည်။

    

အသက် (၃၂) နှစ်ရှိပြီဖြစ်သည့် ပြင်သစ်လက်ရွေးစင်ကစားသမား ဂရီးဇ်မန်းသည် ရီးယဲလ်အသင်းအား (၃-၅) ဂိုးဖြင့် ရှုံးနိမ့်သည့် စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တွင် အက်သလက်တီကိုအသင်းအတွက် ဒုတိယချေပဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ 

ယင်းဂိုးမှာ အက်သလက်တီကို အသင်းအတွက် ဂရီးဇ်မန်း၏ (၁၇၄) ဂိုးမြောက်သွင်းဂိုးဖြစ်ပြီး ၁၉၇၄ ခုနှစ်ကတည်းက စပိန်ဂန္ထဝင်ကစားသမား လူးဝစ်အာရာဂိုးနက်စ် တင်ရှိထားသည့်စံချိန်ကို တစ်ဂိုးအသာဖြင့်ကျော်ဖြတ်၍ စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်သည် 

"ဒါက ကျွန်တော့်အတွက်တော့ မယုံနိုင်စရာပါပဲ။ ကျွန်တော် ဆက်ပြီး တိုးတက်အောင် လုပ်သွားမှာပါ။ ကျွန်တော်က ဂန္ထဝင်တစ်ဦးလားဆိုရင် လူးဝစ်အာရာဂိုးနက်စ်ရဲ့ပုံစံအတိုင်း လူတွေစိတ်ထဲမှာ နှစ်အတော်ကြာအောင် ရှိနေနိုင်မလားဆိုတာ အချိန်က ပြောပြပါလိမ့်မယ်။ အဲဒီလိုဖြစ်ဖို့ မျှော်လင့်ထားကြတာပေါ့။ သူက အသင်းရဲ့သမိုင်းမှာ အရမ်းအရေးပါတဲ့သူဖြစ်ပါ တယ်။ အဲဒီအဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဂရီးဇ်မန်းက ပြောကြားခဲ့သည်။

Most Read

Most Recent