ပါလ်မာက တစ်ဦးချင်းကျော်ဖြတ်မှုမှာလည်း ခေသူမဟုတ်ဘူး။ ထိရောက်တဲ့ကစားဟန်ကို ပြသဖို့ပဲ အမြဲတမ်းရည်မှန်းနေတယ်။ အန်တိုနီလိုမျိုး စတန့်ထွင်နေတာမဟုတ်ဘူး။ Inverted Winger ပုံစံလည်းကစားနိုင်တယ်။Traditional Vinger ပုံစံလည်း ကစားနိုင်တယ်။ ပါလ်မာဆီကနေ အကွက်မြင်တဲ့ပေးပို့မှုတွေလည်း မြင်ရတတ်သလို၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားပုံ ကောင်းမွန်တာ၊ ပြိုင်ဘက်ခံစစ်ကစားသမားတွေကို လှည့်ဖျား ကျော်ဖြတ်ပုံကောင်းတာ၊ သွေးအေးအေးနဲ့ ရင်ဆိုင်ကစားတတ်တာတွေကြောင့် No.10 Role ၊ False 9 တွေလည်း အသုံးတော်ခံနိုင်ပါတယ်။စွယ်စုံရကစားသမားတစ်ဦးအဖြစ် ပါလ်မာကို မြင်နေရတာ ချယ်လ်ဆီးတိုက်စစ်အတွက် မင်္ဂလာတစ်ပါးပါပဲ။ မန်စီးတီးမှာ ဖိုဒန်ကို တိုက်စစ်နေရာ စုံအသုံးချသလိုမျိုး၊ ပါလ်မာကိုလည်း ပိုချက်တီနို အသုံးချလို့ရနေတယ်။ ပရီးမီးယားလိဂ် Assist King အဖြစ်ထင်ရှားဖူးတဲ့ ဒီဘရိုင်းနားရဲ့အ ကောင်းဆုံးကစားဟန်ကိုမြင်ရတာ ကွင်းလယ်ညာ ဘက်ခြမ်းမှာပါပဲ။ ပါလ်မာကလည်း ကွင်းလယ်ညာ ဘက်ခြမ်းကနေ အဓိကလှုပ်ရှားနေပြီး ဖြတ်တင်ဘောတွေ၊ ချိတ်ဆက်ကစားမှုတွေ၊ ကိုယ်တိုင်ဆွဲ ပြေးကန်သွင်းမှုတွေနဲ့ သူ့ပါရမီကို ပြသနေတယ်။
ပါလ်မာ၊ ချယ်လ်ဆီးရဲ့တိုက်စစ်ရှုမျှော်ခင်းအသစ်
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago
2 hours ago