အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားအတွက် ပရီးမီးယားလိဂ်မှ ကစားသမား (၄၀) အထိ စေလွှတ်ထားရပြီး နော်တင်ဟမ်ဖောရက်စ်မှ အများဆုံးဖြစ်

အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားအတွက် ပရီးမီးယားလိဂ်မှ ကစားသမား (၄၀) အထိ စေလွှတ်ထားရပြီး နော်တင်ဟမ်ဖောရက်စ်မှ အများဆုံးဖြစ်
Photo: Getty Images
Photo: Getty Images
Published 4 January 2024

ယခုလအတွင်း ကစားမည့် အာဖရိကနိုင်ငံများဖလား နှင့် အာရှဖလားပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်မှ ကစားသမား (၄၀) ဦးအထိ စေလွှတ်ထားရပြီး နော်တင်ဟမ်ဖောရက်စ်အသင်းမှ (၆) ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ၂၀၂၄ ဇန်နဝါရီ (၁၃) ရက်မှ ဖေဖော်ဝါရီ (၁၁) ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိုင်ဗရီကို့စ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

၂၀၂၃ အာရှဖလားပြိုင်ပွဲကိုမူ ၂၀၂၄ ဇန်နဝါရီ (၁၂) ရက်မှ ဖေဖော်ဝါရီ (၁၀) ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံမည်ဖြစ်သည်။

အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲများကို ဥရောပဘောလုံးလောက ဆောင်းရာသီရပ်နားချိန်တွင် ကျင်းပခြင်းဖြစ်သော်လည်း ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် ၎င်းတို့၏ အဓိကကစားသမားများကို ရက်သတ္တပတ်များစွာ ဆုံးရှုံးရမည်ဖြစ်သည်။

အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲသို့ လက်လွှတ်ရသည့် ကစားသမားများထဲတွင် လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာ၊ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်တို့ကဲ့သို့ ထိပ်တန်းကစားသမားများ ပါဝင်နေသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်း (၂၀) အနက် (၁၇)သင်းသည် အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလားပြိုင်ပွဲများတွင် အသင်းကစားသမားများကို စေလွှတ်ခဲ့ရပြီး ဘန်လေ၊ မန်စီးတီးနှင့် နယူးကာဆယ်တို့မှာမူ စေလွှတ်ရခြင်းမရှိပေ။

ပရီးမီးယားလိဂ်အသင်းများထဲတွင် နော်တင်ဟမ်ဖောရက်စ်အသင်းက အဆိုပါပြိုင်ပွဲ (၂)ရပ်အတွက် ကစားသမား (၆) ဦးအထိ စေလွှတ်ခဲ့ရပြီး အများဆုံးဖြစ်ခဲ့သည်။

နော်တင်ဟမ်ဖောရက်စ်နောက်တွင် ဝုလ်ဗ် နှင့် ဘရန်ဖို့ဒ်က (၄) ဦးဖြင့် ဒုတိယလိုက်နေပြီး လီဗာပူးလ်အသင်းက ဆာလာနှင့် အန်ဒိုတို့ကို စေလွှတ်ခဲ့ရသည်။ 

အာဖရိကနိုင်ငံများဖလားနှင့် အာရှဖလား ပြိုင်ပွဲများအတွက် ပရီးမီးယားလိဂ်ကလပ်များ၏ ကစားသမားစေလွှတ်မှု

အာဆင်နယ်     -    အယ်လ်နန်နီ(အီဂျစ်)၊ တော်မီယာဆု(ဂျပန်)

အက်စတွန်ဗီလာ    -    ထရာအိုရေး(ဘာကီနာဖာဆို)

ဘုန်းမောက်    -    အူအက်တာရာ(ဘာကီနာဖာဆို)၊ ဆီမန်ညို(ဂါနာ)

ဘရန်ဖို့ဒ်    -    ဂို့ဒ်ဒေါ့စ်(အီရန်)၊ ကင်ဂျီဆိုး(တောင်ကိုရီးယား)၊ အွန်ယီကာ(နိုင်ဂျီးရီးယား)၊ ဝီဆာ(DR ကွန်ဂို)

ဘရိုက်တန်    -    အေဒင်ဂရာ(အိုင်ဗရီကို့စ်)၊ မီတိုမာ(ဂျပန်)

ဘန်လေ    -    မရှိ

ချယ်လ်ဆီး    -    ဂျက်ဆင်(ဆီနီဂေါ)

ခရစ္စတယ်ပဲလေ့စ်    -    ဂျော်ဒန်အယူး(ဂါနာ)

အဲဗာတန်    -    ဂေးယီ(ဆီနီဂေါ)

ဖူလ်ဟမ်    -    ဘယ်လ်လိုတိုရေး(ဆီနီဂေါ)၊ ဘက်ဆေး၊ အီဝိုဘီ(နိုင်ဂျီးရီးယား)

လီဗာပူးလ်    -    ဆာလာ(အီဂျစ်)၊ အန်ဒို(ဂျပန်)

လူတန်    -    ကာဘိုရီ(ဘာကီနာဖာဆို)

မန်စီးတီး    -    မရှိ

မန်ယူ    -    အိုနာနာ(ကင်မရွန်း)၊ အမ်ရာဘတ်(မော်ရိုကို)၊ ဒီယာလို(အိုင်ဗရီကို့စ်)

နယူးကာဆယ်    -    မရှိ

နော်တင်ဟမ်    -    အိုင်နာ (နိုင်ဂျီးရီးယား)၊ ကူယာတေး၊ ဟာတီ(ဆီနီဂေါ)၊ အော်ရီယေး၊ ဘိုလီ၊ ဆန်ဂါရီ(အိုင်ဗရီကို့စ်)

ရှက်ဖီးယူနိုက်တက်    -    လာရူဆီ(အယ်လ်ဂျီးရီးယား)၊ ဆလီမန်နီ(တူနီးရှား)

စပါး    -    ဘစ်ဆူးမား(မာလီ)၊ ဆွန်ဟောင်မင်(တောင်ကိုရီးယား)၊ ပါပေဆား(ဆီနီဂေါ)

ဝက်စ်ဟမ်း    -    ကူဒူစ်(ဂါနာ)၊ အေဂက်ဒ်(မော်ရိုကို)

ဝုလ်ဗ်    -    ဟွမ်ဟီချန်(တောင်ကိုရီးယား)၊ ဟူနာ(အင်ဒိုနီးရှား)၊ နူရီ (အယ်လ်ဂျီးရီးယား)၊ ထရာအိုရေး(မာလီ)

Most Read

Most Recent