■ ဇန်နဝါရီတွင် ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိသည်ဟု အာဆင်နယ်နည်းပြ အာတီတာ ဝန်ခံ

■ ဇန်နဝါရီတွင် ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိသည်ဟု အာဆင်နယ်နည်းပြ အာတီတာ ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 29 December 2023

အာဆင်နယ်အသင်းနည်းပြဖြစ်သူ မီခေးလ်အာတီတာက လာမည့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလတွင် ကစားသမားသစ် ထပ်မံခေါ်ယူဖွယ်ရှိနေသည်ဟု ဝန်ခံပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် လက်ရှိအချိန်တွင် ပရီးမီးယားလိဂ်၌ အခြေအနေကောင်းနေသော်လည်း အာတီတာကမူ မိမိတို့အသင်းကို ပိုမိုအင်အားတောင့်တင်းစေလိုသဖြင့် ကစားသမားသစ်ခေါ်ယူရန် ဆန္ဒရှိသည်ဟု ဆိုခဲ့သည်။ 

အာတီတာက "ကျွန်တော့်အသင်းမှာ ကစားသမားတချို့က ကာလရှည် ဒဏ်ရာရနေကြပြီး ကစားသမားအစုံအလင် အသုံးမပြုနိုင်ပါ ဘူး။ အသင်းသားအများစုက နေရာစုံမှာ ကစားနိုင်သူတွေဖြစ်တဲ့အတွက် အသင်းကို သူတို့ အကူအညီပေးနိုင် တာမှန်ပေမဲ့ ကျွန်တော်တို့အတွက် ပိုမိုတောင့်တင်းတဲ့လူစာရင်း လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ကစားသမားသစ်လည်း လိုချင်ပါတယ်။ ဒါပေမဲ့ ဒါက အသင်းရဲ့ဆုံးဖြတ်ချက်နဲ့လည်း သက်ဆိုင်ပါတယ်။ အသင်းကသာ ခေါ်သင့်တယ်လို့ဆုံးဖြတ်ရင်တော့ ကျွန်တော်တို့အသင်း ကစားသမားသစ် ခေါ်ယူဖို့ရှိနေပါတယ်"ဟု ပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) အပြီးတွင် ရမှတ် (၄၀) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ လီဗာပူးလ် (၄၂ မှတ်)နှင့် (၂) မှတ်သာ ကွာဟသည်။ 

ထို့ပြင် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ထားပြီး ပေါ်တူဂီကလပ် ပေါ်တိုအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ 

Most Read

Most Recent