ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အရပ်သား ၃၇ သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေမှုကြောင့် အရပ်သား ၃၇ သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရ 
Published 14 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်မှစတင်ပြီး တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အကြား တိုက်ပွဲများ ဖြစ်ပွားမှုကြောင့် အရပ်သား ၃၇ သေဆုံးပြီး ဒဏ်ရာရရှိသူ ၆၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်းက နိုဝင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည်။ 

အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲအတွင်း အရပ်သားထိခိုက်သေဆုံးမှုစာရင်းကို တအာင်းအမျိုးသမီးအဖွဲ့အစည်းက လက်လှမ်းမှီသလောက် မှတ်တမ်းစုစည်းချက်အရ အရပ်သားသေဆုံးမှု စုစုပေါင်း ၃၇ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၆၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

သေဆုံးသူအများစုမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးသူငယ်များ အပါအဝင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များလည်း ပါဝင်ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် အရပ်သား နေအိမ်များအပြင် သာသနိကအဆောက်အဦ ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း တအာင်းအမျိုးသမီးအဖွဲ့အစည်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်က စတင်ပြီး မြောက်ပိုင်မဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀၀ ကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ထုတ်ပြန်ထားသည်။

Most Read

Most Recent