ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်၊ သမ္မတရုပ်ရှင်ရုံ အနီးရှိ မီးရထားခုံးကျော်တံတား အောက်တွင် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်မှုဖြင့် တရားစွဲခံထားရသည့် ဝင်းဇော်ထွန်း (ခ) အာမင်းကို နိုဝင်ဘာ ၂၃ ရက်တွင် အနောက်ပိုင်းခရိုင်တရားရုံး၌ ရုံးထုတ်ခဲ့သည်။
ယင်းနေ့တွင် ဒုတိယခရိုင် တရားသူကြီး (၆)က သေဆုံးခဲ့သူ အမျိုးသမီးမှာ လူအများ ထုရိုက်ခံရသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူများမှာ အုတ်ခဲ၊ ကော်ဗူးများဖြင့် ထုရိုက်ခဲ့မှုမှာ ပြစ်မှုကျူး လွန်ကြောင်း ထင်ရှားသဖြင့် ဝင်းဇော်ထွန်း(ခ) အာမင်းအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)(ဂ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး အယူခံဝင်နိုင်ကြောင်း ပြောကြားသည်။
အဆိုပါအမှုအား ၎င်းအနေဖြင့် ကျူးလွန်ခဲ့ခြင်း မရှိကြောင်း ပြစ်ဒဏ်ချမှတ်ခံရသူက တရားခွင်အတွင်း ပြောကြားသည်။
အမှုဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် မေ ၃၁ ရက်က သမ္မတရုပ်ရှင်ရုံအနီးရှိ မီးရထား ခုံးကျော်တံတားအောက်တွင် ပုပ်ပွနေသည့် အမျိုးသမီးအလောင်းကို တွေ့ရှိခဲ့ပြီး တစ်ပတ်အကြာတွင် ပြစ်မှုကို ကျူးလွန်သူများ ဖြစ်သည့် ဝင်းဇော်ထွန်း (ခ) အာမင်း ( ၂၀ နှစ်)၊ ချစ်ဆန်းလတ် (ခ) သာပေါင်း (ခ) အီးတီ (၁၆နှစ်)နှင့် ဝေဠုကျော် (ခ) ဝေလင်းကျော် (၁၅နှစ်)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း ပန်းဘဲတန်းမြို့မရဲစခန်းမှ သိရသည်။
သေဆုံးသူနှင့် ငွေကြေးကိစ္စဖြင့် စကားများရာမှ ခဲဖြင့် ခေါင်းကိုထုကာ လဲကျသွားသည့်အချိန်တွင် တစ်ယောက်တစ်လှည့် အဓမ္မပြုကျင့်ခဲ့ကြောင်း၊ အဆိုပါ အမျိုးသမီးက အော်ဟစ်သဖြင့် ခေါင်းကို ခဲဖြင့် ထပ်မံထုခဲ့ကြောင်း၊ အသတ်ခံရသည့် အမျိုးသမီးအလောင်းကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ကနဦးဖြောင့်ချက်ပေးခဲ့ကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။သို့သော် တရားရုံးတွင် စစ်ဆေးချက်အရ အဓမ္မကျင့်မှုမရှိဟု မှုခင်းဆရာဝန်၏ ဆေးစာထွက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့လယ်ရှိ ခုံးကျော်တံတားအောက်တွင် အမျိုးသမီးတစ်ဦးကို သတ်ခဲ့သူအား သေဒဏ်ကျခံစေရန် အမိန့်ချ