နိုဝင်ဘာ ၁ ရက် ညနေ ၅ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် ဝါးတန်းကျေးရွာအုပ်စု ဆူးလေကုန်း ကျေးရွာ ဦးတင်မော်၏ ယာခင်းအတွင်း အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း ဝါးတန်းရွာ အုပ်ချုပ်ရေးမှူး ဦးကျော်စိုးဝင်းက အကြောင်းကြားသဖြင့် အရာတော်မြို့မစခန်းမှူး ဒုရဲမှူး ထွန်းထွန်းအေးက သွားရောက် စစ်ဆေးခဲ့ရာ မွေးမြူရေးနှင့် ကျေးလက်ဦးစီးဌာနမှ စာရေးအဆင့်-၂ ရှိသူ မနီနီဝင်းရွှေ အသက် (၂၅ နှစ်) ရှိသူဖြစ်ကြောင်း အရာတော်မြို့မြို့မ စခန်းမှူး ဒုရဲမှူးထွန်းထွန်းအေးထံမှ သတင်းရရှိသည်။အခင်းဖြစ်နေရာရှိ သေဆုံးနေသူ မနီနီဝင်းရွှေအား စစ်ဆေးခဲ့ရာ ရင်ညွန့်တွင် တစ်လက်မခန့် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ယာနံဘေး တစ်လက်မခန့် ထိုးသွင်းဒဏ်ရာ တစ်ချက်၊ လည်ပင်းစလုတ်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ဝဲလက်မ ပြတ်ရှ ဒဏ်ရာ တစ်ချက်တို့ ရရှိခဲ့ပြီး သေဆုံးလျက် တွေ့ရှိ ခဲ့ရကြောင်း သိရသည်။အရာတော်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲ မှူးထွန်းထွန်းအေးက “သူ့ရဲ့ သက်ဆိုင်ရာဌာနကိုလည်း အကြောင်းကြားပြီး ဖြစ်ပါတယ်။ သေဆုံးသူ မနီနီဝင်းရွှေရဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားထားတဲ့ လက်ဝတ်ရတနာတွေကိုတော့ ဖြုတ်ယူသွားတာမျိုး မရှိတာ တွေ့ရတယ်” ဟု ပြောကြားသည်။မနီနီဝင်းရွှေ သေဆုံးခဲ့ရသည့် ဖြစ်စဉ်အနီးတွင် အမျိုးသမီးကိုင် ပန်းရောင်အိတ် တစ်လုံးအတွင်းမှ ကျပ် ၁၀၀၀ တန် အရွက် ၁၀၀ ပါ ငွေကျပ်တစ်သိန်း၊ နိုင်ငံသားမှတ်ပုံတင်တစ်ခု၊ ယာဉ်မောင်းလိုင်စင်တစ်ခု၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ဝန်ထမ်းကတ် တစ်ခုတို့အား စစ်ဆေးတွေ့ရှိရပြီး ခန္ဓာကိုယ်ဝဲလက်တွင် ဝတ်ဆင်ထားသည့် ဒင်္ဂါးရွှေလက်ကောက်လေးကွင်း တစ်ကျပ်သားခန့်၊ ရှစ်ပဲသားခန့်ရှိ ရွှေဆွဲကြိုး တစ်ကုံး၊ အဖူးအဆွဲပါ သုံးပဲသားခန့် နားကပ်တစ်စုံ၊ ဟိန်းဝေယံ ရွှေလက်စွပ်နှစ်ပဲသားခန့်ရှိ တစ်ကွင်း၊ အစိမ်းအဖြူကျောက်ပါ ရွှေသုံးပဲသားခန့် လက်စွပ်တစ်ကွင်း စုစုပေါင်း ကျပ်သိန်း ၂၀ ခန့်ကိုလည်း သက်သေများ၏ ရှေ့မှောက်တွင် ရှာဖွေ သိမ်းဆည်းထားရှိကြောင်း စခန်းမှူး ဒုရဲမှူးထွန်ထွန်းအေးက ဆက်လက်ပြောကြားသည်။မနီနီဝင်းရွှေအား ဒဏ်ရာရသေဆုံးအောင် ဆောင်ရွက်ခဲ့သူအား ဖော်ထုတ် အရေးယူနိုင်ရန် ဒုရဲမှူးထွန်းထွန်းအေးက တရားလို အမှုစစ်အဖြစ် ပြုလုပ်တိုင်တန်းပြီး အရာတော်မြို့မရဲစခန်း အမှုကြီးအမှတ်စဉ် (၂/၂၀၁၆) (ပ) ၃၈၁/၂၀၁၆ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုရေးဖွင့်ပြီး တရားခံဖမ်းဆီးရမိရေးအတွက် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။
ဝက်လက်မြို့ မွေးမြူရေးနှင့် ကျေးလက်ဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းတစ်ဦး အရာတော်မြို့တွင် အသတ်ခံရ
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago