၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ် ကာလတူထက် ဒေါ်လာ တစ်ဘီလျံနီးပါး လျော့ကျ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှု ယခင်နှစ် ကာလတူထက် ဒေါ်လာ တစ်ဘီလျံနီးပါး လျော့ကျ
ပြည်ပသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် Asia World ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ပြည်ပသို့ ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် Asia World ဆိပ်ကမ်းကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
Published 9 October 2016
နီလာ

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းတင်သွင်းမှု ယခင်နှစ် ကာလတူထက် ဒေါ်လာ တစ်ဘီလျံနီးပါး လျော့ကျနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုမှာ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၁၀၆ သန်းကျော် တင်သွင်းထားပြီး ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၂၉၇၂ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ်လာ ၃၀၇၉ သန်းကျော် တင်သွင်းထားသည်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိမူ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုမှာ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၉၇၆ သန်းကျော် တင်သွင်းထားပြီး ပုဂ္ဂလိက ကဏ္ဍမှဒေါ်လာ ၃၀၉၇ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ်လာ ၄၀၇၃ သန်းကျော် တင်သွင်းထားခြင်းဖြစ်သည်။ယခုဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိနှင့် ယခင်နှစ်ကာလတူကို နှိုင်းယှဉ်ပြီး နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း တင်သွင်းမှုကို လေ့လာကြည့်ပါက နိုင်ငံပိုင် ကဏ္ဍမှ ဒေါ်လာ ၈၆၉ သန်းကျော် လျော့ကျနေပြီး ပုဂ္ဂလိကကဏ္ဍမှ ဒေါ်လာ ၁၂၄ သန်းကျော် လျော့ကျနေခြင်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခုဘဏ္ဍာနှစ် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ သွင်းကုန်ကဏ္ဍတွင် လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းများမှာ ယခင်နှစ် ကာလတူထက် ပိုမိုတင်သွင်းထားသည်။လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း တင်သွင်းထားမှု အခြေအနေမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံပိုင်ကဏ္ဍမှ ဒေါ်လာ ၄၇ သန်းကျော် တင်သွင်းထားပြီး ပုဂ္ဂလိက ကဏ္ဍမှ ဒေါ်လာ ၂၄၅၉ သန်းကျော် တင်သွင်းထားပြီး စုစုပေါင်း ဒေါ်လာ ၂၅၀၆ သန်းကျော် တင်သွင်းထားသည်။ ယခင်နှစ် ကာလတူထက် ဒေါ်လာသန်း ၁၈၀ ကျော်ဖိုး ပိုမို တင်သွင်းထားကြောင်း သိရသည်။ 

Most Read

Most Recent