ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံ မီးပွိုင့်တွင် ယာဉ်ခုနစ်စီး ဆင့်တိုက်မှု ဖြစ်စဉ်မှ ယာဉ်ကိုထားကာ ထွက်ပြေးသွားသည့် ယာဉ်မောင်းဖြစ်သူအား ဖမ်းဆီးရမိကြောင်း Yangon Traffic Police မှ သိရသည်။အဆိုပါယာဉ်မောင်း ဝင်းထိုက် (ခ) ချန်ထူး (၃၆ နှစ်) အား သံလျင်အေးသာယာ ရပ်ကွက်တွင် ရှိနေစဉ် ယာဉ်မှုစစ် ဒုရဲအုပ် သန်းနိုင်၊ ပုဇွန်တောင်နှင့် သံလျင်ရဲစခန်းရှိ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Yangon Traffic Police ၏ ထုတ်ပြန်ချက်အရ သိရသည်။ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလမ်းအတိုင်း ယာဉ်မောင်း ဝင်းထိုက် (ခ) ချန်ထူး (၃၆ နှစ်) မောင်းနှင်လာသည့် သာကေတ-ကျုံးကြီး ပြေးဆွဲနေသည့် (၃၅) ယာဉ်လိုင်းမှ မီနီဘတ်စ် အငှားယာဉ်သည် မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံ မီးပွိုင့်တွင် မီးနီမိ၍ ရပ်ထားသော ကိုသော်တာဆွေ မောင်းနှင်သည့် 7E-..... Toyota Wish ခဲရောင် ကိုယ်ပိုင်ယာဉ်ကို အရှိန်ဖြင့် အနောက်မှ ဝင်တိုက်မိသဖြင့် ယင်းယာဉ်၏ရှေ့ရှိ ယာဉ်မောင်း ကိုထွန်းထွန်းလင်း မောင်းနှင်သည့် 6I-...... ပါဆို အဖြူရောင် အငှားယာဉ်သည် လည်းကောင်း၊ ယာဉ်မောင်း ဦးဇော်မင်းအောင် မောင်းနှင်သည့် AA-....Toyota Caldina အဖြူရောင် အငှားယာဉ်သည် လည်းကောင်း၊ ယာဉ်မောင်း ဦးဝင်းလှိုင် မောင်းနှင်သည့် 7D-.... Toyota Probox အဖြူရောင် အငှားယာဉ်သည် လည်းကောင်း၊ ယာဉ်မောင်း ဦးသန်းဟိန်းမောင်းနှင်သည့် 5I-.....Toyota Probox အဖြူရောင် ကိုယ်ပိုင်ယာဉ်သည် လည်းကောင်း၊ ယာဉ်မောင်း ဦးမြင့်ကြည် မောင်းနှင်သည့် 6F-...... Nissan AD Van ခဲရောင် အငှားယာဉ်သည် လည်းကောင်း ဝင်တိုက်သည့် အရှိန်ကြောင့် ယာဉ်ခုနစ်စီး အဆင့်ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်များ ထိခိုက်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းသို့ မီးပွိုင့်တွင် မီးနီမိ၍ ရပ်ထားသည့် ယာဉ်များကို ၃၅ ယာဉ်လိုင်းမှ ယာဉ်တစ်စီးက အရှိန်မထိန်းနိုင်ဘဲ အနောက်မှဝင် တိုက်ခဲ့သဖြင့် 7E-...... ယာဉ်ပေါ်ရှိ ဦးဟန်ဝင်း (၅၂ နှစ်) သာကေတမြို့နယ် နေသူသည် ဦးခေါင်းယာဘက် စုတ်ပြဲဒဏ်ရာ ရရှိကာ ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာ (မစိုးရိမ်ရ) ဖြင့် ဆေးကုသမှု ခံယူခဲ့ရကြောင်း သိရသည်။ယာဉ်ခုနစ်စီး ဆင့်တိုက်ခဲ့ပြီးနောက် ယာဉ်ကိုထားပြီး ထွက်ပြေးတိမ်းရှောင်သွားသည့် (၃၅) ယာဉ်လိုင်းမှ ယာဉ်မောင်း ဝင်းထိုက် (ခ) ချန်ထူး (၃၆ နှစ်) အား ပုဇွန်တောင် မြို့မ ရဲစခန်းတွင် အမှုဖွင့်ကာ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းဆုံ မီးပွိုင့်တွင် ယာဉ်ခုနစ်စီး ဆင့်တိုက်မှု ဖြစ်စဉ်မှ ယာဉ်ကိုထားပြီး ထွက်ပြေးသည့် ယာဉ်မောင်းအား ဖမ်းမိ