မြေလွတ်မြေရိုင်းများပေါ်တွင် လုပ်ငန်းများ လုပ်ကိုင်ရန် စိစစ်ခြင်း၊ ခွင့်ပြုခြင်းနှင့် လုပ်ပိုင်ခွင့် ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည့် မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်းကြောင်း နိုင်ငံတော် သမ္မတရုံးက ဇွန် ၂၀ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ပြင်ဆင် ဖွဲ့စည်းလိုက်သော မြေလွတ် မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားပြီး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် နိုင်ငံတော် အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး လုပ်ငန်း၊ မွေးမြူရေး လုပ်ငန်း၊ ဓာတ်သတ္တု တူးဖော်ရေး လုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြား လုပ်ငန်းများကို တည်ဆဲ ဥပဒေများနှင့် အညီ နည်းလမ်းတကျ ဆောင်ရွက်နိုင်ရန် စိစစ်ခြင်း၊ ခွင့်ပြုခြင်း၊ လုပ်ပိုင်ခွင့် ရပ်ဆိုင်းခြင်းတို့ကို ဆောင်ရွက်နိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်းနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေပုဒ်မ ၁၄ အရ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကင်းလွတ်ခွင့် ပြုထားသူများ ဖြစ်သည့် နိုင်ငံတော်နှင့် သံတမန် အဆက်အသွယ် ရှိသော နိုင်ငံခြား သံတမန် အဖွဲ့အစည်းများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အခြား မည်သည့် အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်များ၊ အစိုးရဌာန၊ အစိုးရ အဖွဲ့အစည်း တစ်ရပ်ရပ်နှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူ ကိစ္စရပ်များအတွက် ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ၊ ကျေးလက်ဒေသ တောင်သူ လယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး လုပ်ကိုင်လိုသူများက နည်းလမ်းတကျ တင်ပြ လျှောက်ထားလာခြင်းများကို စိစစ်၍ ခွင်ပြုခြင်း၊ ငြင်းဆိုခြင်းများ ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ဗဟိုကော်မတီသည် နေပြည်တော်ကောင်စီ သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့၏ သဘောထား ထောက်ခံချက်ဖြင့် တင်ပြလာသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆုံးဖြတ်ပေးရမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲမှုများနှင့် စပ်လျဉ်း၍ ဆောင်ရွက်မှုကို ပြည်ထောင်စု အစိုးရ အဖွဲ့သို့ ခြောက်လလျှင် တစ်ကြိမ် တင်ပြရမည် ဖြစ်ကြောင်း၊ မူဝါဒဆိုင်ရာ အဆုံးအဖြတ် ခံယူရန် ပေါ်ပေါက်ပါက နိုင်ငံတော် သမ္မတထံသို့ နည်းလမ်းတကျ တင်ပြ၍ လမ်းညွှန်မှု ခံယူရမည် ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီသည် မိမိ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များနှင့် စပ်လျဉ်းပြီး လိုအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လုပ်ထုံးလုပ်နည်းများကို ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီမှုအရ အမိန့်ကြော်ငြာစာ ထုတ်ပြန်ဆောင်ရွက်နိုင်ကြောင်းနှင့် နိုင်ငံတော် သမ္မတရုံး၏ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၂ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၆/၂၀၁၂ ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုး ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။
မြေလွတ် မြေရိုင်းများပေါ်တွင် လုပ်ငန်းများ လုပ်ကိုင်ရန် စိစစ်ခြင်း၊ ခွင့်ပြုခြင်းနှင့် လုပ်ပိုင်ခွင့် ရပ်ဆိုင်းခြင်းတို့ ဆောင်ရွက်နိုင်သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပြင်ဆင်ဖွဲ့စည်း















