လက်ရှိ ဘဏ္ဍာနှစ်တွင် အစိုးရ လုပ်ဆောင်မည့် စီမံကိန်းများသည် ယခင်အစိုးရက လုပ်ဆောင်ခဲ့သည့် စီမံကိန်းများ ဖြစ်နေပြီး NLD အစိုးရ၏ မူဝါဒ လုပ်ငန်းများ လုပ်ဆောင်ရန်အတွက် တစ်နှစ်စောင့်ရန် လိုအပ်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းဆက်သွယ်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီး (ဦး) ဆလိုင်းအိုင်ဇက်ခင်က Mizzima နှင့် Action Aid တို့ ပူးပေါင်း လုပ်ဆောင်သည့် Socio-Economic Development in Myanmar ဆွေးနွေးပွဲတွင် ပြောကြားသည်။“လက်ရှိ ဘတ်ဂျက်ခွဲဝေမှုက ဘာဖြစ်နေသလဲ ဆိုတော့ ဇလုတ်တိုက် ခွဲဝေမှု ဖြစ်နေတယ်။ ကချင်လည်း တစ်ကျပ်ယူ၊ ချင်းလည်း တစ်ကျပ်ယူ၊ ရန်ကုန်လည်း တစ်ကျပ်ယူ ဖြစ်နေတယ်။ အဲဒီလို ဇလုတ်တိုက် ခွဲဝေမှု စနစ်က အလုပ်မဖြစ်ဘူး ဖြစ်နေတယ်။ လက်ရှိ ကျွန်တော်တို့ သုံးနေတဲ့ ဘတ်ဂျက်သည် မနှစ်က အစိုးရဟောင်းရဲ့ လုပ်ပေးခဲ့တဲ့ ဘတ်ဂျက် ဖြစ်နေတယ်။ အဲဒီ ဘတ်ဂျက်တွေနဲ့ သုံးနေတာ ဖြစ်နေတယ်။ အဲဒီတော့ တစ်နှစ်စောင့်၊ တကယ် ဖြစ်ချင် တစ်နှစ်စောင့်။ ဒီနေရာမှာ အရေးကြီးတဲ့ ကိစ္စက လူထုက Budget System ကို နားလည်ဖို့ လိုတယ်” ဟု ဆလိုင်းအိုင်ဇက်ခင်က ဆိုသည်။မြန်မာနိုင်ငံတွင် ဘတ်ဂျက် ခွဲဝေရာ၌ လာမည့် ဘဏ္ဍာနှစ်အတွက် ယခု ဘဏ္ဍာနှစ်မှ ကြိုတင် သတ်မှတ်ခြင်းဖြစ်ပြီး အဆိုပါ ကြိုတင်သတ်မှတ်မှုများသည် ခန့်မှန်းတွက်ချက်ခြင်းသာ ဖြစ်သည်။မြန်မာနိုင်ငံတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ဘတ်ဂျက် ခွဲဝေရာတွင် အဆင်းရဲဆုံး ပြည်နယ်များဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ကို ဘတ်ဂျက် ပိုမို ခွဲဝေပေးခြင်း မရှိခဲ့ကြောင်း သိရသည်။ လက်ရှိ အစိုးရ လက်ထက်တွင်လည်း ဆင်းရဲမွဲတေမှု လျှော့ချနိုင်ရန် Socio-Economic Development Policy စဉ်းစားချိန်တိုင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့အား ဖယ်ထုတ်ပါက Pro-poor State Policy ဖြစ်လာမည် မဟုတ်ကြောင်း ဆလိုင်းအိုင်ဇက်ခင်က ဆက်လက်ပြောကြားသည်။ယခင် အစိုးရ လက်ထက်မှ တာဝန်များ လွှဲပြောင်းရယူခဲ့သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော် တစ်ခုလုံး၏ အရအသုံး အခြေအနေမှာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီး\ပြည်နယ်တို့၏ စုစုပေါင်း ရငွေ ၁၉၆၉၈ ဒသမ ၄၂၁ ဘီလျံနှင့် သုံးငွေ ၂၃၆၂၀ ဒသမ ၆၉၅ ဘီလျံဖြစ်ကာ ကျပ် ၃၉၂၂ ဒသမ ၂၇၄ ဘီလျံ လိုငွေဖြစ်ပေါ်မည် ဖြစ်သည်။ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ စုစုပေါင်း သုံးငွေ ကျပ်သန်း ၁၉၇၃၈၉၅၆ ဒသမ ၈၄၉ (၁၉၇၃၈ ဒသမ ၉၅၇ ဘီလျံ) တွင် ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ်သန်း ၄၂၂၀၂၅၁ ဒသမ ၉၃၄ ဖြင့် ပြည်ထောင်စုအဆင့်ဌာန အဖွဲ့အစည်းများ၏ စုစုပေါင်း အသုံးစရိတ်၏ ၁၉ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် အများဆုံး သုံးစွဲမည်ဟု လျာထားပြီး ဒုတိယ အများဆုံးအဖြစ် ကာကွယ်ရေး ဝန်ကြီးဌာနက ကျပ်သန်း ၂၈၇၆၄၆၉ ဒသမ ၉၇၉ ဖြင့် ၁၃ ဒသမ ၄၆ ရာခိုင်နှုန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။ဝန်ကြီးဌာနများ၏ အသုံးစရိတ်တွင် ပညာရေး ဝန်ကြီးဌာနက ကျပ်သန်း ၁၅၀၁၈၅၄ ဒသမ ၄၄၈ စုစုပေါင်း အသုံးစရိတ်၏ ၇ ဒသမ ၀၂ ရာခိုင်နှုန်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနက ကျပ်သန်း ၈၃၁၀၅၂ ဒသမ ၃၀၈ ဖြင့် ၃ ဒသမ ၈၉ ရာခိုင်နှုန်း သုံးစွဲရန် လျာထားကြောင်း သိရသည်။၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် တိုင်းဒေသကြီး\ပြည်နယ်အဆင့် ဌာန အဖွဲ့အစည်းများ၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ရငွေကျပ် ၅၆၁ ဒသမ ၅၁၂ ဘီလျံနှင့် သုံးငွေ ၂၂၄၉ ဒသမ ၇၃၁ ဘီလျံ ဖြစ်ပြီး ကျပ် ၁၆၈၈ ဒသမ ၂၁၉ ဘီလျံ လိုငွေ ဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ လိုငွေကို ပြည်ထောင်စု ဘဏ္ဍာငွေ ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ဖြည့်ဆည်းပေးထားသည်။
လက်ရှိ ဘတ်ဂျက် ခွဲဝေမှုများသည် ယခင် အစိုးရဟောင်းက ဇလုတ်တိုက် ခွဲဝေမှုများ ဖြစ်နေပြီး ပြည်သူများ ဘတ်ဂျက်စနစ်ကို နားလည်ရန် လိုအပ်မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင် ဝန်ကြီး ပြောကြား















