ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် မေ ၁၂ ရက် ညနေ ၆ နာရီကျော်ခန့်က တောင်ငူမြို့မြောက်ဘက် ထီးလှိုင်လေးလမ်းသွား ကွန်ကရစ်လမ်းဘေးရှိ သမိုင်းဝင်ကျုံးဟောင်းအတွင်းမှ အမည်မသိ အမျိုးသမီး အလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ မေ ၁၂ ရက် ညနေ ၆ နာရီခန့် က တောင်ငူမြို့ အမှတ် ၁ ရပ်ကွက် အမြန်လမ်းမကြီးသို့ ဆက်သွယ်ထားသည့် ထီးလှိုင် ကွန်ကရစ် လမ်းဘေးရှိ ကျုံးထဲတွင် လူသေအလောင်း တစ်လောင်း တွေ့ရှိကြောင်း (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်စိုးမှ တောင်ငူမြို့ အမှတ် ၂ ရဲစခန်းသို့ အကြောင်းကြားချက်အရ စခန်းမှူး ရဲအုပ်အေးဇော်နှင့်အဖွဲ့ မှ အလောင်းတွေ့ရှိရာနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ထီးလှိုင်ရပ် ရွှေဂူကြီးဘုရားအနီး ထီးလှိုင်ကွန်ကရစ်လမ်း၏ တောင်ဘက်ဘေးရှိ ကျုံးထဲတွင် အမည်မသိ အမျိုးသမီး အလောင်းတစ်လောင်းအား ပက်လက်အနေအထားဖြင့် ခန္ဓာကိုယ်တစ်ခုလုံး ပုပ်ပွလျက် ပြင်ပဒဏ်ရာ မတွေ့ရှိရဘဲ သေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။သေဆုံးနေသည့်အမျိုးသမီးတွင် တီရှပ်လက်တို အဖြူရောင်အင်္ကျီနှင့် အုန်းခွံရောင်ထဘီတို့ကို ဝတ်ဆင်ထားကြောင်း တာဝန်ရှိသူများ၏ စစ်ဆေးချက်အရသိရပြီး သေဆုံးနေသည့် အမည်မသိ အမျိုးသမီး အလောင်းအား မှုခင်းဆေးစာဖြင့် တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးသို့ ၂၄ နာရီ လူမှုကူညီရေး ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သိရသည်။အဆိုပါ အမည်မသိ အမျိုးသမီးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ် မဟုတ် စစ်ဆေးနိုင်ရန် အမှတ် (၂ )နယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၈/၂၀၁၆ ဖြင့်အမှုဖွင့် ဆောင်ရွက်ခဲ့ပြီး သေဆုံးသူ အမျိုးသမီး၏ဓာတ်ပုံနှင့် ကိုယ်ပုံပန်းသဏ္ဌာန်အား ဆက်စပ်နယ်မြေရဲစခန်းများသို့ ပေးပို့ကာ သေဆုံးသူ၏ အမည်နေရပ်လိပ်စာ သိရှိနိုင်ရန် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
တောင်ငူမြို့မြောက်ဘက် သမိုင်းဝင်ကျုံးအတွင်းမှ အမည်မသိ အမျိုးသမီးအလောင်းတွေ့ရှိ
Most Read
Most Recent
11 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago