ဗဟန်းမြို့နယ်တွင် ရည်းစားအဖြစ်မှ အဆက်အသွယ် ဖြတ်ခဲ့သည့် မိန်းကလေးကို မကျေနပ်သဖြင့် အဆိုပါမိန်းကလေး အလုပ်လုပ်ကိုင်ရာ သင်္ကန်းဆိုင်အတွင်းဝင်၍ ဓားဖြင့် ထိုးသတ်ခဲ့သည့်အမှုမှ စွပ်စွဲခံရသူ စိုးမိုးထက်အား မေ ၉ ရက်က အနောက်ပိုင်းခရိုင် တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူ စိုးမိုးထက်အား စွဲချက်တင်ထားသည့် တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုပုဒ်မ ၃၀၂ (၁) (ခ)၊ ပြစ်မှုပုဒ်မ ၃၂၆၊ ပြစ်မှုပုဒ်မ ၃၂၄ တို့အတွက် အနောက်ပိုင်းခရိုင် တရားရုံး ဒုတိယခရိုင်တရားသူကြီး (၇) မှ အပြီးသတ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
အမိန့်ချမှတ်ရာတွင် ဒုတိယခရိုင်တရားသူကြီး (၇) မှ အမှုနှင့်ပတ်သက်၍ တရားလိုပြ သက်သေများနှင့် စွပ်စွဲခံရသူတို့အား စစ်ဆေးရာတွင် အခင်းဖြစ်စဉ်က အသုံးပြုခဲ့သော တုတ်၊ ဓားလက်နက်မှာ သင်္ကန်းဆိုင်မှမဟုတ်ဘဲ စွပ်စွဲခံရသူမှ ဝှက်၍ ယူဆောင်လာခြင်း ဖြစ်သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စွပ်စွဲခံရသူမှာ ရုတ်တရက် ဒေါသကြောင့် အမှုအား ကျူးလွန်ခဲ့ခြင်းမဟုတ်ဘဲ ကြိုတင်တင်ကြံရွယ်၍ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်ကို စစ်ဆေးတွေ့ရှိကြောင်း၊ ယင်းကြောင့် ၎င်းအား ပြစ်မှုပုဒ်မ ၃၂၄ အရ အလုပ်နှင့် ထောင် ဒဏ်ခြောက်လ၊ ပြစ်မှုပုဒ်မ ၃၂၆ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်နှစ်နှင့် ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) အရ သေဒဏ်ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ ချမှတ်ခဲ့သောအမိန့်အတွက် ကျေနပ်မှုမရှိပါက အထက်တရားရုံးများသို့ အယူခံတက်နိုင်ကြောင်း ဒုတိယခရိုင်တရားသူကြီး (၇) က ပြောကြားသည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁၂ ရက်က ဗဟန်းမြို့နယ် ရွှေနံ့သာရပ်ကွက် အုတ်လမ်းရှိ သင်္ကန်းဆိုင်တစ်ဆိုင်တွင် သင်္ကန်းချုပ်သည့် မ....(၂၃ နှစ်) ထံသို့ ယခင်ရည်းစားအဖြစ်မှ အဆက်အသွယ်ဖြတ်ထားခဲ့ သည့် စိုးမိုးထက်ဆိုသူ ရောက်ရှိလာခဲ့ကြောင်း၊ ၎င်းတို့နှစ်ဦးစကားများစဉ် အသင့်ပါလာသောဓားဖြင့် မ.... အားထိုးခဲ့ပြီး သင်္ကန်းဆိုင်အတွင်းမှ အခြားသူများကိုလည်း ဓားဖြင့် လိုက်လံခုတ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ဓားဖြင့်ထိုးခုတ်ခဲ့သဖြင့် မ....မှာ ဒဏ်ရာများရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့သည်။ ထို့ကြောင့် ကျူးလွန်သူ စိုးမိုးထက်အား ဗဟန်းမြို့မရဲစခန်းက ပြစ်မှုပုဒ်မ ၃၀၂၊ ၃၂၆၊ ၃၂၄ တို့ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးခဲ့ပြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဗဟန်းမြို့နယ်တွင် ရည်းစားအဖြစ်မှ အဆက်အသွယ်ဖြတ်သည့်အတွက် မိန်းကလေးအား ဓားဖြင့်ထိုးသတ်ခဲ့သူကို သေဒဏ်ချမှတ်