လူပျောက်တိုင်ထားသော ခြောက်နှစ်အရွယ် မိန်းကလေးငယ်အား ပုဇွန်တောင်ချောင်း လက်တက်တွင် ဦးခေါင်းမပါဘဲ ဧပြီ ၂၂ ရက်က တွေ့ရှိခဲ့ရကြောင်း ဒေါပုံ မြို့မရဲစခန်းမှ သတင်းရရှိသည်။
ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် အောင်သိဒ္ဓိလမ်း၊ မိတ္တဗလဘုန်းကြီးကျောင်းရှေ့ ပုဇွန်တောင်ချောင်း ချောင်းလက်တက်အတွင်း ဒီရေတက်ချိန်တွင် တက်ရေနှင့်အတူ ဦးခေါင်းမပါဘဲ ပုပ်ပွနေသည့် အလောင်းတစ်လောင်း တွေ့ရှိကြောင်း ဒေါပုံ မြို့မရဲစခန်းမှ သတင်းရရှိသဖြင့် သွားရောက် ကြည့်ရှု စစ်ဆေးရာ သေဆုံးသူမှာ သာကေတမြို့နယ် ၂/မြောက် ရပ်ကွက်တွင် နေထိုင်သည့် မ.... (၆ နှစ်) ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ မိန်းကလေးငယ်မှာ ဧပြီ ၁၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် နေအိမ်မှ အပြင်သို့ ထွက်ကစားစဉ် ပျောက်ဆုံးသွားသဖြင့် သာကေတ မြို့မရဲစခန်းတွင် လူပျောက်တိုင်ကြားခဲ့သဖြင့် လူပျောက်အမှတ်စဉ် (၁၅/၁၆) ဖြင့် စုံစမ်း ရှာဖွေနေသူဖြစ်ကြောင်း သိရသည်။
“အခုတော့ သေမှုသေခင်းဖွင့်ပြီး ဆောင်ရွက်နေပါတယ်။ အလောင်းကိုတော့ ရန်ကုန်ဆေးရုံကြီးမှာ ဆက်လက် စစ်ဆေးနေပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီးတော့ ဆက်လက် စုံစမ်း စစ်ဆေးမှုတွေလည်း ပြုလုပ်နေပါတယ်”ဟု ဒေါပုံမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ဖြစ်စဉ်အား ဒေါပုံမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၃/၁၆) ဖြင့် အမှု ဖွင့်ထားသည်။
လူပျောက်တိုင်ထားသော ခြောက်နှစ်အရွယ် မိန်းကလေးငယ်အား ပုဇွန်တောင်ချောင်း လက်တက်တွင် ဦးခေါင်းမပါဘဲ ပြန်လည်တွေ့ရှိ