စက်မှုလုပ်ငန်း မြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်းတို့မှာ စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုအတွက် အဟန့်အတား ဖြစ်နေကြောင်း စက်မှုဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။အဆိုပါ စက်မှုလုပ်ငန်း မူဝါဒတွင် စက်မှုကဏ္ဍ၏ လက်ရှိ ပြဿနာများအဖြစ် ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် ကြီးမြင့်ခြင်း၊ အရည်အသွေးနှင့် ဆန်းသစ်တီထွင်မှု အားနည်းပြီး ထုတ်လုပ်မှုနည်းပညာ နိမ့်ကျခြင်း၊ ပြည်ပဈေးကွက် မထိုးဖောက်နိုင်ခြင်း၊ ထိရောက်သော ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နိုင်ရန် ဓနအင်အား မရှိခြင်း၊ အရည်အသွေး ပြည့်ဝသော စွမ်းအင်နှင့် လျှပ်စစ် အပြည့်အ၀ မရရှိခြင်း၊ စွမ်းအင်ကို အကျိုးရှိ ထိရောက်စွာ အသုံးပြုနိုင်မှု အားနည်းခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြည့်စုံကောင်းမွန်မှု မရှိသေးခြင်း၊ ကျွမ်းကျင်လုပ်သား အလုံအလောက် မရရှိခြင်း၊ အချို့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများသည် ခေတ်နှင့် လျော်ညီမှု မရှိခြင်း၊ အလုပ်သမား၊ အလုပ်ရှင် ပဋိပက္ခ ဖြေရှင်းရမှု များပြားခြင်း၊ စက်မှုလုပ်ငန်း မြေနေရာအတွက် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကို ဖော်ပြထားသည်။ထုတ်လုပ်မှု ကွင်းဆက်အတွင်း မဝင်ရောက်နိုင်ခြင်း၊ သုတေသနပြုမှု အားနည်းခြင်း၊ ဈေးကွက် ထိုးဖောက်မှု မဟာဗျူဟာဆိုင်ရာ ကျွမ်းကျင်မှု နည်းပါးခြင်း၊ လယ်ယာ ထုတ်ကုန်နှင့် တန်ဖိုးမြှင့် ထုတ်ကုန် ထုတ်လုပ်နိုင်မှု နည်းပါးခြင်း၊ အခြေခံ အဆောက်အအုံ မပြည့်စုံခြင်း၊ လူ့စွမ်းအား အရင်းအမြစ် မဖွံ့ဖြိုးခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား သုံးသပ်ပြင်ဆင် ရေးဆွဲမှု အားနည်းခြင်းတို့မှာ စက်မှုကဏ္ဍ၏ လက်ရှိ ပြဿနာ အရင်းအမြစ်များ ဖြစ်ကြောင်း အဆိုပါ စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။ရန်ကုန်၊ ပဲခူးနှင့် ဆက်စပ်ဒေသများ၊ မန္တလေး၊ စစ်ကိုင်းနှင့် ဆက်စပ်ဒေသများအား စက်မှုဖွံ့ဖြိုးမှု အချက်အချာကျသည့် ဒေသများအဖြစ် စက်မှုလုပ်ငန်း မူဝါဒတွင် ရွေးချယ်ထားကြောင်း သိရသည်။ပင်လယ်ရေကြောင်းလမ်းနှင့် အလှမ်းမကွာဝေးခြင်း၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးပြီး ဖြစ်ခြင်းတို့ကြောင့် ယင်းဒေသ အပါအဝင် ဆက်စပ်ဒေသများကိုပါ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အလားအလာ ရှိသဖြင့် ရန်ကုန်၊ ပဲခူးနှင့် ဆက်စပ် ဒေသများကို စက်မှုဖွံ့ဖြိုးမှု အချက်အချာကျသည့် ဒေသအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။စီးပွားရေး စင်္ကြ ံများနှင့် နီးကပ်စွာ တည်ရှိခြင်း၊ မြန်မာနိုင်ငံ အထက်ပိုင်း၊ အောက်ပိုင်းနှင့် ကမ်းရိုးတန်း ဒေသများသို့ လျင်မြန်စွာ ဆက်သွယ်နိုင်သည့် ဗဟိုနေရာတွင် တည်ရှိခြင်းနှင့် အာဆီယံ အဝေးပြေး လမ်းမကြီးများ၏ တည်နေရာနှင့် နီးကပ်စွာ တည်ရှိခြင်းတို့ကြောင့် မန္တလေး၊ စစ်ကိုင်းနှင့် ဆက်စပ်ဒေသများအား စက်မှုဖွံ့ဖြိုးမှု အချက်အခြာကျသည့် ဒေသအဖြစ် ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။အောင်မြင်သည့် စက်မှုလုပ်ငန်းများ ဖြစ်ပေါ်လာစေရေးအတွက် စက်မှုလုပ်ငန်း မြေနေရာ ရွေးချယ်ရာတွင် ဈေးကွက်သို့ တင်ပို့ဖြန့်ဖြူးရန် လွယ်ကူသည့် နေရာဖြစ်ခြင်း၊ ကုန်ကြမ်း၊ ကုန်ချော သယ်ယူပို့ဆောင်ရန် လွယ်ကူသည့် နေရာဖြစ်ခြင်း (ဆိပ်ကမ်း၊ လေယာဉ်ကွင်း)၊ ကုန်ကြမ်း၊ ရေ၊ လောင်စာ စွမ်းအင်နှင့် လုပ်သားအင်အား လုံလောက်စွာ ရရှိနိုင်သော နေရာဖြစ်ခြင်း၊ သယ်ယူပို့ဆောင်စရိတ် သက်သာသော နေရာဖြစ်ခြင်း အစရှိသည့် အားသာချက်များရှိသော ဒေသများကို စဉ်းစားရွေးချယ်ရမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်း မူဝါဒတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ စက်မှုကဏ္ဍ ဖွံ့ဖြိုးမှုအတွက် လုပ်ငန်းတည်ထောင်မည့် မြေနေရာ ဈေးကြီးမြင့်ခြင်း၊ ကုန်ကြမ်းနှင့် ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းတို့မှာ အဟန့်အတား ဖြစ်နေ










