Chevron ရေနံကုမ္ပဏီက မြန်မာနိုင်ငံရှိ လုပ်ငန်း အားလုံးကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် စီစဉ်

Chevron ရေနံကုမ္ပဏီက မြန်မာနိုင်ငံရှိ လုပ်ငန်း အားလုံးကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် စီစဉ်
Published 19 April 2016

အမေရိကန်နိုင်ငံ အခြေစိုက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း Chevron က မြန်မာနိုင်ငံရှိ လုပ်ငန်းအားလုံးကို ဒေါ်လာ ၁ ဒသမ ၃ ဘီလျံဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Reuters သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ယခုလို ရောင်းချရန် စီစဉ်ရခြင်းမှာ ကမ္ဘာ့ဈေးကွက်အတွင်း အချိန်ကာလ ကြာမြင့်စွာ ကျဆင်းခဲ့သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကြောင့်ဖြစ်ပြီး လတ်တလော ကိစ္စရပ်များအတွက် အမေရိကန် ရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် ညှိနှိုင်းနေကြောင်း သိရသည်။ထိုသို့ ရောင်းချမည့် လုပ်ငန်းများထဲတွင် ရတနာနှင့် စိန်သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု စီမံကိန်းရှိ Chevron မှ ပိုင်ဆိုင်သော အစုရှယ်ယာ ၂၈ ဒသမ ၃ ရာခိုင်နှုန်းနှင့် ရခိုင်ကမ်းလွန်ရှိ A-5 လုပ်ကွက် လုပ်ကိုင်ခွင့်တို့ ပါဝင်သည်။ပြင်သစ် ရေနံကော်ပိုရေးရှင်း Total မှ စီမံခန့်ခွဲသော မြန်မာနိုင်ငံရှိ ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်ဆင့် သဘာဝဓာတ်ငွေ့ လိုအပ်ချက် ရှိနေသော ထိုင်းနိုင်ငံသို့ Chevron က တစ်နေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၁၁၇ သန်း နေ့စဉ် တင်ပို့ရောင်းချခြင်းဖြစ်သည်။Chevron သည် အာရှတိုက်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု လုပ်ကွက်များကို ဒေါ်လာ ၃ ဘီလျံဖြင့် ရောင်းချရန် စီစဉ်နေခြင်းဖြစ်ပြီး ဝယ်ယူမည့်သူကို ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။

Most Read

Most Recent