သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ ၁၅ သန်း အသုံးပြု၍ ဓာတ်အား ထုတ်လုပ်သွားမည်

သီလဝါ အထူးစီးပွားရေးဇုန်အတွက် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ ၁၅ သန်း အသုံးပြု၍ ဓာတ်အား ထုတ်လုပ်သွားမည်
Published 18 April 2016
နီလာ

သီလဝါ အထူးစီးပွားရေးဇုန်အတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားအတွက် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ တစ်နေ့လျှင် ကုဗပေ ၁၅ သန်း အသုံးပြုပြီး ဓာတ်အား ထုတ်လုပ်သွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို Sumitomo Corporation ၏ နည်းပညာပိုင်းဆိုင်ရာ ကူညီမှုဖြင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ (ODA) ချေးငွေ ဂျပန်ယန်း ၃၇၈၉ သန်းကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။သီလဝါရှိ ၅၀ မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို သီလဝါ အထူးစီးပွားရေးဇုန် (အဆင့်က) ၏ အရှေ့ဘက် မြေဧရိယာ (၃ ဒသမ ၂) ဟက်တာ (၇ ဒသမ ၉၁) ဧကအတွင်း တည်ဆောက်ထားပြီး လောင်စာနှင့် ဓာတ်ငွေ့နှစ်မျိုးသုံး ၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်နှစ်လုံး တပ်ဆင်ထားရာ စက်ရုံအတွက် ၂၄ ဒသမ ၈၅ မိုင်အရှည် သဘာဝဓာတ်ငွေ့ ၂၀ လက်မ ပိုက်လိုင်းကို တပ်ဆင်အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။“Electricity က ၃၃ ကေဗွီလိုင်းက MJTD က Developer အနေနဲ့ inside thilawa sez ရဲ့ Development တွေကို လုပ်ပါတယ်။ outside thilawa infrastructure တွေနဲ့ ပတ်သက်လို့ကတော့ ဂျပန်အစိုးရရဲ့ JICA ODA Loan assistant နဲ့ လုပ်နေတယ်။ ဒီ power cable line 33 ကေဗွီ ဆွဲတယ်ဆိုတာက သန်လျင် substation ကနေ သီလဝါအထိ ရောက်တယ်။ substation ဆိုတာက cable line ဆွဲထားတာပါတယ်။ Gas pipe line ဆွဲတာပါမယ်။ လမ်း Expansion လုပ်ဖို့ ရှိတယ်။ ဥပမာ-သန်လျင်တံတား ရှိတယ်။ တံတား ဆင်းလာတာကနေ သီလဝါ ရောက်တဲ့အထိ လမ်း Expansion လေးလမ်းသွားလုပ်ဖို့ ရှိတယ်။ ဒါကလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနနဲ့ JICA နဲ့ MoU ထိုးထားတယ်။ အစိုးရ လုပ်တာပေါ့။ power နဲ့ ပတ်သက်ပြီး အစိုးရဆီကနေ ၂၀ မဂ္ဂါဝပ် ရထားတယ်။ ကျွန်တော်တို့ sez ရဲ့ မျက်စောင်းထိုးမှာ ၅၀ မဂ္ဂါဝပ်က gas fire plan တည်ဆောက်နေတယ်။ တည်ဆောက်နေတာက ဂျပန်ကနေ တည်ဆောက်နေတာ။ JICA  Loan နဲ့ တည်ဆောက်နေတာ။ ပြီးရင် မြန်မာ့လျှပ်စစ်ဓာတ်အားကို ပြန်ပြီး တွဲပေးမှာ။ အစိုးရကို လွှဲပေးမှာ။ သူက Thilawa sez အတွက် Backup generator လို့လည်း ပြောပါတယ်။ သူ့ဆီက ၅၀ မဂ္ဂါဝပ် ရမှာပါ။ အဲဒါက ၂၀၁၆ နှစ်လယ်လောက်မှာ ပြီးမယ်” ဟု သီလဝါ အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။သီလဝါ အထူးစီးပွားရေးဇုန်တွင် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်အထိ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ ကုမ္ပဏီပေါင်း ၄၈ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန် ပထမအဆင့် (၁) အနေဖြင့် ဟက်တာ ၄၀၀ ရှိသည့် Residential Area နှင့် Commercial Area ကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ထို့ပြင် သီလဝါ အထူးစီးပွားရေးဇုန်၏ ဒုတိယအဆင့် အနေဖြင့် ဟက်တာ ၇၀၀ ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။      

Most Read

Most Recent