၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၃ ဘီလျံကျော် ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာရင်းများအရ သိရသည်။ဘဏ္ဍာနှစ်အလိုက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်သည့် ပမာဏမှာ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၀၂-၂၀၀၃ ဘဏ္ဍာနှစ်အထိ ဒေါ်လာ ၇၅၀၁ ဒသမ ၉၂၅ သန်း၊ ၂၀၀၃-၂၀၀၄ တွင် ဒေါ်လာ ၉၁ ဒသမ ၁၇၀ သန်း၊ ၂၀၀၄-၂၀၀၅ တွင် ဒေါ်လာ ၁၅၈ ဒသမ ၂၈၃ သန်း၊ ၂၀၀၅-၂၀၀၆ တွင် ဒေါ်လာ ၆၀၆၅ ဒသမ ၆၇၅ သန်း၊ ၂၀၀၆-၂၀၀၇ တွင် ဒေါ်လာ ၇၁၉ ဒသမ ၇၀၂ သန်း၊ ၂၀၀၇-၂၀၀၈ တွင် ဒေါ်လာ ၂၀၅ ဒသမ ၇၂၀ သန်း၊ ၂၀၀၈-၂၀၀၉ တွင် ဒေါ်လာ ၉၈၄ ဒသမ ၇၆၄ သန်း၊ ၂၀၀၉-၂၀၁၀ တွင် ဒေါ်လာ ၃၂၉ ဒသမ ၅၈၀ သန်း၊ ၂၀၁၀-၂၀၁၁ တွင် ဒေါ်လာ ၁၉၉၉၈ ဒသမ ၉၆၅ သန်း၊ ၂၀၁၁-၂၀၁၂ တွင် ဒေါ်လာ ၄၆၄၄ ဒသမ ၄၆၀ သန်း၊ ၂၀၁၂-၂၀၁၃ တွင် ဒေါ်လာ ၁၄၁၉ ဒသမ ၄၆၇ သန်း၊ ၂၀၁၃-၂၀၁၄ တွင် ဒေါ်လာ ၄၁၀၇ ဒသမ ၀၅၅ သန်း၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၈၀၁၀ ဒသမ ၅၃၃ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၉၄၈၁ ဒသမ ၂၇၅ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၆၃၇၁၈ ဒသမ ၅၇၄ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အများဆုံး ကဏ္ဍမှာ စွမ်းအင်ကဏ္ဍဖြစ်ပြီး ဆောက်လုပ်ငန်းရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများမှာ တရုတ်၊ ထိုင်း၊ ဟောင်ကောင်၊ စင်ကာပူ၊ ယူကေ၊ ကိုရီးယား၊ မလေးရှား၊ ဗီယက်နမ်၊ ပြင်သစ်၊ ဂျပန်၊ အိန္ဒိယ၊ နယ်သာလန်၊ အမေရိကန်၊ အင်ဒိုနီးရှား၊ သြစတြေးလျ၊ ရုရှား၊ သြစတြီးယား၊ ပနားမား၊ ယူအေအီး၊ ကနေဒါ၊ ဂျာမနီ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဘရူနိုင်း၊ ဆိုက်ပရပ်၊ လူဇင်ဘတ်၊ ဆွစ်ဇာလန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ စသည့် နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၄၅ နိုင်ငံရှိသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၆၃ ဘီလျံကျော် ဝင်ရောက်










