သင်္ကြန်ကာလအတွင်း လက်လီဆန်ဈေးနှုန်းများ အနေဖြင့် ဆန်ကြမ်းနှင့် ဆန်ချောတစ်အိတ် ကျပ် ၁၅၀၀ မှ ၄၀၀၀ ကြား မြင့်တက်ခဲ့ကြောင်း သိရသည်။
ယခုလက်ရှိ ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်းများအနေဖြင့် ဆန်ချောဖြစ်သည့် ယခင်ကျပ် ၄၅,၅၀၀ မှ ယခုအခါတွင် ကျပ် ၅၀,၄၀၀ သို့လည်းကောင်း၊ ဖျာပုံပေါ်ဆန်း ရှယ်တစ်အိတ်လျှင် ယခင် ကျပ် ၄၁,၀၀၀ မှယခုအခါ ကျပ် ၄၃,၀၀၀ သို့လည်းကောင်း၊ တောင်ပျံဆန်သစ် တစ်အိတ်လျှင် ကျပ် ၄၁,၀၀၀ မှကျပ် ၄၃,၀၀၀သို့ လည်းကောင်း ဆန်တစ်အိတ်လျှင် ကျပ် ၂၀၀၀ မှ ၄၀၀၀ ကြား ဈေးနှုန်းမြင့်တက်လျက် ရှိနေသည်။
ဆန်သစ်တစ်ပြည် ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန် တစ်ပြည်လျှင် ယခင်ကျပ် ၁၉၀၀ မှ ကျပ် ၂၀၀၀ သို့လည်းကောင်း၊ တောင်ပျံ ဆန်တစ်ပြည်လျှင် ယခင် ကျပ် ၁၆၀၀ မှ ၁၇၀၀ ကျပ်သို့ လည်းကောင်း၊ ဖျားပုံဆန်သစ် ရှယ်တစ်ပြည်လျှင် ယခင် ကျပ် ၁၆၀၀ မှ ယခုအခါတွင် ကျပ် ၁၇၀၀ သို့ လည်းကောင်း ဈေးနှုန်း မြင့်တက်လျက် ရှိနေသည်။
ဆန်သစ်တစ်ပြည် ဈေးနှုန်းအနေဖြင့် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ယခင်ကျပ် ၁၉၀၀ မှ ကျပ် ၂၁၀၀ သို့လည်းကောင်း၊ တောင်ပျံဆန် တစ်ပြည်လျှင် ယခင် ကျပ် ၁၇၀၀ မှ ကျပ် ၁၈၀၀ သို့လည်းကောင်း၊ ဖျာပုံဆန်သစ်ရှယ် တစ်ပြည်လျှင် ယခင် ကျပ် ၁၇၀၀ မှ ယခုအခါတွင် ကျပ် ၁၈၀၀ သို့လည်းကောင်း ဈေးနှုန်း မြင့်တက်လျက်ရှိနေသည်။
ဆန်ကြမ်းဆန်သစ်ဈေးနှုန်းများအနေဖြင့် ဧည့်မထဆန် တစ်အိတ်လျှင် ယခင်ကျပ်၂၆,၄၀၀ မှ ယခုအခါတွင် ကျပ် ၂၈,၀၀၀ သို့ လည်းကောင်း၊ တစ်ပြည်ဈေးနှုန်းများ အနေဖြင့် ဧည့်မထဆန် တစ်ပြည်လျှင် ယခင်ကျပ် ၁၁၀၀ မှ ယခုအခါတွင် ကျပ် ၁၁၅၀ မှ ၁၂၀၀ သို့ လည်းကောင်း၊ ဆန်ကြမ်းဈေးနှုန်းများ အနေဖြင့် ကျပ် ၁၆၀၀ ခန့် ဈေးနှုန်း မြင့်တက်လျက် ရှိနေသည်။
“ဆန်ဈေးတွေအနေနဲ့ ဆန်အမျိုးအစားအလိုက် အနည်းဆုံး တစ်ပြည်ကို ကျပ် ၁၀၀ စီတက်တယ်။ သင်္ကြန်မတိုင်ခင်က တက်တဲ့ဈေးပါ။သင်္ကြန်တွင်းမှာ ဒီဈေးနဲ့ပဲ ရောင်းတယ်။ ဒီလကုန်အထိတော့ ဆန်ဈေးက ငြိမ်နေဦးမှာပဲ။ ဒါပေမဲ့ မေလကစပြီး ဆန်တွေဈေးတက်ပြီ။ ရွှေဘို ပေါ်ဆန်းဆိုရင် အခုတစ်ပြည်ကို ကျပ် ၂၁၀၀ ရှိတယ်။ မေလဆိုရင် ဒီဈေးနဲ့ရမှ မဟုတ်တော့ဘူး။ တစ်ပြည်ကို ကျပ်၂၃၀၀၊ ၂၄၀၀ ဖြစ်မှာ"ဟု တာမွေမြို့နယ်ရှိ ဆန်လက်လီ အရောင်းဆိုင်မှ ပြောကြားသည်။
ယခု စပါးဈေးနှုန်းများအနေဖြင့် စပါးတင်းတစ်ရာကို ကျပ် ခုနစ်သိန်းနီးပါးခန့် ပေါက်ဈေးရှိနေပြီး ယခုနှစ်ပိုင်းများအတွင်း စပါးဈေးများအနေဖြင့် စံချိန်တင် မြင့်တက်ခဲ့သည့်အပြင် စပါးဈေးနှုန်းများ အနေဖြင့် ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ကြောင်း စပါးကုန်သည်များမှ စုံစမ်းသိရှိရသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းသို့ ဝင်ရောက်လျက်ရှိသော ဆန်အများစုမှာ ဧရာဝတီတိုင်းမှ အဝင်များ၍ ပေါ်ဆန်းဆန်များသည် ရွှေဘိုခရိုင်မှ ဝင်ရောက်ခြင်း ဖြစ်သည်။
သင်္ကြန်ကာလအတွင်း လက်လီဆန်ဈေးနှုန်း ကျပ် ၁၅၀၀ မှ ၄၀၀၀ ခန့် မြင့်တက်ခဲ့
Most Read
Most Recent
9 hours ago










