နိုင်ငံတကာခြေစမ်းပွဲတွေ၊ ခြေစစ်ပွဲတွေအပြီး ပရိသတ်တွေအတွက်ရသမျိုးစုံပေးဖို့ ဥရောပအမှတ်ပေးပွဲတွေပြန်လာပါပြီ။ ရာသီကုန်ချိန်နီးကပ်လာတဲ့နဲ့အမျှ အသင်းကိုယ်စီရဲ့ရည်မှန်းချက်တွေအတွက် ပွဲတိုင်းကအကြိတ်အနယ်ရှိနေမှာသေချာပါတယ်။စပိန်လာလီဂါပွဲစဉ်(၃၁)-------------------------ဗယ်လက်ကာနို - ဂီတာဖေး (၂-၄-၂၀၁၆ နံနက် ၁း၀၀)မက်ဒရစ်မြို့ရဲ့အသင်းငယ်လေး (၂) သင်းပွဲဖြစ်လို့ (၂)သင်းစလုံးအမှားမခံစတမ်း ကစားကြလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ဂီတာဖေးခြေစွမ်းကျနေလို့ ထိန်းကစားနိုင်ဖို့မလွယ်ဘူး။ ဗယ်လက်ကာနိုအိမ်ကွင်းတိုက်စစ်အားကောင်းတာကြောင့် အိမ်ရှင်နဲ့ ဂိုးအများပဲကြိုက်တယ်။ဂျာမန်ဘွန်ဒစ်လီဂါပွဲစဉ် (၂၈)--------------------လေဗာကူဆင် - ဝုလ်ဖ်ဘတ် (၂-၄-၂၀၁၆ နံနက် ၁း၀၀)လေဗာကူဆင်ကွင်းမှာ ဝုလ်ဖ်ဘတ်တို့ တစ်ကြိမ်သာအနိုင်ရထားဖူးတယ်။ ဒီရာသီ ဝုလ်ဖ်ဘတ်ရဲ့ အဝေးကွင်းရလဒ်ကလည်းအခြေအနေဆိုးရွားပါတယ်။ လေဗာကူဆင်ရဲ့အိမ်ကွင်းရလဒ်ကအကောင်းကြီးမဟုတ်ပေမယ့် ဒီပွဲမှာတော့ အိမ်ရှင်မရှုံးတာသေချာတယ်။ပြင်သစ်လီဂူးပွဲစဉ်( ၃၂)----------------------မိုနာကို - ဘော်ဒိုး (၂-၄-၂၀၁၆ နံနက် ၁း၀၀)ဘော်ဒိုးကအဝေးကွင်းမှာ အိပ်မက်ဆိုးတွေဆက်တိုက်မက်နေရပြီး ဆိုးရွားတဲ့ခံစစ်မှတ်တမ်းကို ပိုင်ဆိုင်နေတယ်။ ချန်ပီယံလိဂ်တိုက်ရိုက်ဝင်ခွင့်အတွက်ပေ့ါဆလို့မရတဲ့ မိုနာကိုကို အနိုင်ကစားပါလိမ့်မယ်။လိဂ်ချန်ပီယံရှစ် ပွဲစဉ်(၃၉)--------------------------QPR - မစ်ဒယ်ဘရော့ (၂-၄-၂၀၁၆ နံနက် ၁း၁၅)QPR အမှတ်မလိုပေမယ့် ပုံမှန်ခြေစွမ်းကိုထိန်းထားတယ်။ အမှတ်လိုတဲ့ မစ်ဒယ်ဘရော့ကတော့အဝေးကွင်းမှာ ရှုံးပွဲဆက်နေပါတယ်။ QPR ကိုပဲကြိုက်တယ်။
မနက်ဖြန်နံနက်အစောပိုင်းတွင်ယှဉ်ပြိုင်မည့် ဥရောပအမှတ်ပေးပြိုင်ပွဲပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Most Read
Most Recent
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago
12 hours ago