မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း စင်ကာပူနိုင်ငံသို့ မတ် ၂၁ ရက်က ထွက်ခွာသွားခဲ့ပြီး လက်ရှိကစားသမား စာရင်းအရ တောင့်တင်းသည့် အသင်းဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ပြောကြား

မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း စင်ကာပူနိုင်ငံသို့ မတ် ၂၁ ရက်က ထွက်ခွာသွားခဲ့ပြီး လက်ရှိကစားသမား စာရင်းအရ တောင့်တင်းသည့် အသင်းဖြစ်ကြောင်း အသင်းအုပ်ချုပ်သူ ပြောကြား
Published 22 March 2016

မြန်မာ့လက်ရွေးစင် အသင်းသည် စင်ကာပူ၊ လက်ဘနွန်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရန်အတွက် မတ် ၂၁ ရက် နံနက်ပိုင်းက စင်ကာပူနိုင်ငံသို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ မြန်မာ့လက်ရွေးစင်အသင်း အုပ်ချုပ်သူ ဦးသန်းတိုးအောင်က လက်ရှိရွေးချယ်သည့် ကစားသမား စာရင်းအရ မိမိအသင်းမှာ တောင့်တင်းသည့်အသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ဦးသန်းတိုးအောင်က “စင်ကာပူနဲ့ ကစားရမယ့် ခြေစမ်းပွဲက နှစ်သင်းစလုံးအတွက် အကျိုးရှိစေမယ့် ခြေစမ်းပွဲပါ။ သူတို့ (စင်ကာပူ) ကလည်း ကျွန်တော်တို့လိုပဲ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားဖို့ ရှိနေတာကြောင့် သူတို့အတွက်လည်း အကျိုးရှိစေမှာပါ။ ဘန်ကောက်မှာ လက်ဘနွန်နဲ့ ပထမအကျော့ ကစားခဲ့တုန်းက သူတို့နဲ့ ကျွန်တော်တို့ ခြေစွမ်းပိုင်း ကွာခြားမှု သိပ်မရှိပါဘူး။ ကျွန်တော်တို့ နှစ်ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တယ် ဆိုပေမယ့် သူတင်ကိုယ်တင် ကစားနိုင်ခဲ့တာပါ။ အခုတစ်ကြိမ်မှာတော့ သူတို့ကို ပထမ အကျော့တုန်းကလို ဂိုးပြတ် ရှုံးနိမ့်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လက်ဘနွန်ကို အနိမ့်ဆုံး သရေကစားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ တကယ်လို့များ ကံတရားရဲ့ ဖေးမမှုသာ ရခဲ့မယ်ဆိုရင် ကျွန်တော်တို့အသင်း နိုင်တောင် နိုင်သွားနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာအသင်းသည် မတ် ၂၄ ရက်တွင် စင်ကာပူနှင့် ခြေစမ်းပွဲ၊ မတ် ၂၉ ရက်တွင် လက်ဘနွန် နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများ ကစားရမည်ဖြစ်သည်။မြန်မာ့လက်ရွေးစင်အသင်းအုပ်ချုပ်သူ - ဦးသန်းတိုးအောင်နည်းပြချုပ် - ဂတ်ဖရိုင်းဒရစ်၊ လ/ထနည်းပြ-  ဦးကြည်လွင်၊ ဦးဇော်ဝင်းထွန်းဂိုးနည်းပြ- ဦးအောင်ကျော်ကျော်ကြံ့ခိုင်ရေးနည်းပြ - မီရိုဆလပ်အတွင်းရေးမှူး- ဦးထွန်းထွန်းအောင်ဂိုး- ကျော်ဇင်ဖြိုး၊ ရန်အောင်လင်း၊ ပြည့်ဖြိုးအောင်နောက်တန်း - နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဇော်မင်းထွန်း၊ အောင်ဇော်၊ သီဟထက်အောင်၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ သက်နိုင်အလယ်တန်း - ရဲကိုဦး၊ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ ရန်အောင်ကျော်၊ ကြည်လင်း၊ မောင်မောင်လွင်၊ ရန်နိုင်ဦးရှေ့တန်း-  အောင်သူ၊ ကျော်ကိုကို၊ သန်းပိုင်၊ ဆောင်လမန်၊ ဝင်းနိုင်စိုး

Most Read

Most Recent