ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏတွင် ကျင်းပရာ မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ပြိုင်ဘက် အီဂျစ်ကစားသမား မိုဟာမက်အလီကို ပထမအချီတွင် အလဲထိုးအနိုင်ရရှိခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်း ၁၀ ပွဲ ကျင်းပခဲံ့ပြီး မြန်မာအားကစားပရိသတ် အများအပြား လာရောက် အားပေးခဲ့သည်။ မြန်မာ ပရိသတ်များမှာ အောင်လအန်ဆန်ကို တစ်ခဲနက် အားပေးခဲ့ကြပြီး အောင်လအန်ဆန်မှာ ပထမအချီမှာပင် အစွမ်းပြပြီး ပွဲသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။









