အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ယနေ့ ညနေ ၆ နာရီခွဲ စတင်ကျင်းပမည်

အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲ ယနေ့ ညနေ ၆ နာရီခွဲ စတင်ကျင်းပမည်
Published 18 March 2016

မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအန်ဆန် ပါဝင်ယှဉ်ပြိုင် ထိုးသတ်မည့် ဘက်စုံကိုယ်ခံပညာသုံး MMA ပြိုင်ပွဲကို မတ် ၁၈ ရက် (ယနေ့) ညနေ ၆ နာရီခွဲတွင် အမျိုးသား အားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆန်နှင့် အီဂျစ်နိုင်ငံသား မိုဟာမက်အလီတို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အခြားတွဲဆိုင်းများလည်း ပါဝင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် တွဲဆိုင်းစုစုပေါင်း ကိုးပွဲပါဝင်မည်ဖြစ်ပြီး မြန်မာကစားသမား အချင်းချင်း ယှဉ်ပြိုင်ထိုးသတ်မည့် ပွဲစဉ်များလည်း ထည့်သွင်း ကျင်းပမည်ဖြစ်သည်။ အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မိုဟာမက်အလီမှာ နောက်ဆုံးယှဉ်ပြိုင်ထားသည့် ပွဲစဉ်နှစ်ပွဲတွင် ရှုံးပွဲကြုံတွေ့ထားပြီး ၂၀၁၆ ခုနှစ်တွင် ပထမဆုံး ထိုးသတ်မည့် ပွဲစဉ်လည်းဖြစ်သည်။
အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံတွင် နေထိုင်ပြီး MMA အားကစားနည်းဖြင့် နာမည်ရလာသည့် ကစားသမားတစ်ဦးဖြစ်ကာ ယခုပွဲစဉ်မှာ မြန်မာနိုင်ငံတွင် ၎င်းပထမဆုံး လာရောက် ထိုးသတ်မည့် ပွဲစဉ်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် ဝင်ကြေးအဖြစ် ကျပ် ၁၀,၀၀၀ မှ ၂၀၀,၀၀၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

Most Read

Most Recent