ချန်ပီယံလိဂ် (၁၆)သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် အက်သလက်တီကိုအသင်းနဲ့ PSVအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ အိမ်ရှင်အက်သလက်တီကိုအသင်းက ပယ်နယ်တီ(၈-၇)ဂိုးဖြင့် အနိုင်ရကာ ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပါတယ်။အက်သလက်တီကို အသင်းဟာ ပွဲကစားချိန်မိနစ်အတော်များများမှာ PSV အသင်းဘက်ကို ဖိအားပေးထိုးဖောက် ကစားနိုင်ခဲ့ပေမယ့် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဂရစ်ဇ်မန်း၊ ကာရက်စ်ကိုနဲ့တောရက်စ်တို့ အဆုံးသတ် အားနည်းမှုတွေကြောင့် (ဝ-၀)သရေရလဒ်သာထွက်ပေါ်ခဲ့ပါတယ်။နှစ်ကျော့ပေါင်းရလဒ် တူညီနေခဲ့လို့ အချိန်ပိုမိနစ်(၃၀)ဆက်လက်ယှဉ်ပြိုင်ကစားရာမှာလည်း တစ်ဖက်နဲ့တစ်ဖက်ဂိုးသွင်းယူနိုင်ခြင်းမရှိလို့ ပယ်နယ်တီ အဆုံးအဖြတ်ကန်သွင်းရာမှာတော့ PSV အသင်းတိုက်စစ်မှူး နားဆင့်ရဲ့ (၈)လုံးမြောက်ပယ်နယ်တီကန်သွင်းမှုက ဂိုးဘားတန်းထိထွက်ခဲ့လို့ အက်သလက်တီကို အသင်းက ပယ်နယ်တီ (၈-၇) ဂိုးနဲ့အနိုင်ရကာ ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။အခြားပွဲစဉ် တစ်ပွဲဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ဒိုင်နမိုကိဗ်အသင်းတို့ရဲ့ ပွဲစဉ်မှာလည်း (ဝ-၀)သရေ ရလဒ်သာ ထွက်ပေါ်ခဲ့ပေမယ့် မန်စီးတီးအသင်းက ပထမအကျော့ အဝေးကွင်းပွဲစဉ်မှာ (၃-၁) ဂိုးဖြင့် အနိုင်ရထားခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် (၃-၁)ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်ကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်လှမ်းနိုင်ခဲ့ပါတယ်။ပွဲပြီးရလဒ်များ----------------အက်သလက်တီကို ဝ-၀ PSV (ပယ်နယ်တီ (၈-၇) ဂိုးဖြင့် အက်သလက်တီကိုနိုင်)မန်စီးတီး ဝ-၀ ဒိုင်နမိုကိဗ်အင်္ဂလန်လိဂ်ချန်ပီယံရှစ်ပွဲစဉ် ပွဲပြီးရလဒ်များ------------------------------------------------ဟားလ်စီးတီး ၁-၁ နော်တင်ဟမ်အစ်ဝစ်ချ် ၂-၀ ဘလက်ဘန်းဘရိုက်တန် ၁-၀ ရက်ဒင်း









