MMA ကစားသမား အောင်လအန်ဆန် လူငယ်များနှင့် တွေ့ဆုံမည်

MMA ကစားသမား အောင်လအန်ဆန် လူငယ်များနှင့် တွေ့ဆုံမည်
Published 12 March 2016

ဲမြန်မာပြည်ဖွား ကချင်တိုင်းရင်းသား ဘက်စုံကိုယ်ခံပညာသုံး MMA ကစားသမား အောင်လအန်ဆသည် လာမည့် မတ် ၁၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည့် MMA ပြိုင်ပွဲကို လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယင်းခရီးစဉ်တွင် ရန်ကုန်မြို့မှ လူငယ်ကျောင်းသားများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ယင်းအခမ်းအနားကို လာမည့် မတ် ၁၅ ရက် နေ့လယ်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Street Classroom ၌ ပြုလုပ်သွားမည်ဖြစ်ပြီး လူငယ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။MMA ပြိုင်ပွဲကို ONE Championship အဖွဲ့အစည်းက ကျင်းပခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံတွင် နေထိုင်ပြီး နာမည်ရလာသည့် MMA ကစားသမား အောင်လအန်ဆန် မြန်မာနိုင်ငံ၌ ပထမဆုံး ပြန်လည် ထိုးသတ်မည့်ပွဲ မတိုင်မီ ယင်းအစီအစဉ်ကို ထည့်သွင်း ပြုလုပ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံသို့  ရောက်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ထိုးသတ်မည့်ပြိုင်ပွဲအတွက် ကာလရှည် လေ့ကျင့် ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။ အောင်လအန်ဆန်သည် အသက် ၁၈ နှစ် ဝန်းကျင်ကတည်းက အမေရိကန်နိုင်ငံ၌ သွားရောက်နေထိုင်၍ ပညာသင်ကြားခဲ့ပြီး MMA အားကစားကို လေ့လာလိုက်စားကာ နိုင်ပွဲများ ရယူပြီး နာမည်ရလာသည့် ကစားသမား တစ်ဦးဖြစ်သည်။ အောင်လအန်ဆန်သည် ယခုလအတွင်း ယှဉ်ပြိုင်ထိုးသတ်မည့် MMA ပြိုင်ပွဲအတွက် ပြီးခဲ့သည့် ဇန်နဝါရီလက မြန်မာနိုင်ငံသို့ လေးရက်ကြာ လာရောက်ခဲ့သည်။ အောင်လအန်ဆန်သည် ယခုပြိုင်ပွဲတွင် အီဂျစ်နိုင်ငံသား မိုဟာမက်အလီနှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး မတ် ၁၈ ရက် ညနေ ၆ နာရီခွဲတွင် အမျိုးသားအားကစား ပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

Most Read

Most Recent