ဥရောပအဆင့်မှာ ပထမဆုံးအကြိမ် ထိပ်တိုက်တွေ့တဲ့ အင်္ဂလန်ဒါဘီပွဲက ပွဲချိန် အစောပိုင်းမှာပဲ ပယ်နယ်တီပြစ်ဒဏ် ရင်ဆိုင်ရခြင်းနဲ့အတူ ပရိသတ်တွေကို စိတ်လှုပ်ရှား စေခဲ့ပါတယ်။ ယာဂန်ကလော့ပ်က စတာရစ်ချ်ကို တိုက်စစ်မြားဦးမှာ ထားကာ ဖေမီနိုကို နောက်ချန်တိုက်စစ်အဖြစ် ကစားစေခဲ့ပြီး မန်ယူနည်းပြ ဗန်ဟားလ်ကတော့ မာရှယ်လ်ကို အထောင်ထားပြီး ဒီပိုင်း၊ မာတာ၊ ရပ်ရှ်ဖို့ဒ် တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။လီဗာပူးလ်အသင်းက ကွင်းလယ်ကစားပုံ ပိုကောင်းခဲ့တာကြောင့် မန်ယူအသင်းကို ပွဲစတာနဲ့ ဖိအားပေးကစား နိုင်ခဲ့ပြီး မိနစ်(၂၀)မှာတော့ ကလိုင်းရဲ့ ထိုးဖောက်မှုကို ဒီပိုင်းတားဆီးရာမှာ ဂိုးဧရိယာအတွင်း တွန်းလှဲချသလို ဖြစ်သွားခဲ့တာကြောင့် ပယ်နယ်တီ ပေးခဲ့ရပါတယ်။ ဒီပယ်နယ်တီကို စတာရစ်ချ်က ကန်သွင်းယူခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း လီဗာပူးလ်ကပဲ အသာစီးက ကစားသွားနိုင်ခဲ့ပြီး ဂိုးသမားဒီဂီယာ လက်စွမ်းပြနိုင်လို့သာ မန်ယူအသင်း သက်သာခဲ့တာပါ။ ရပ်ရှ်ဖို့ဒ်နေရာ ကာရစ်ဝင်လာတဲ့နောက် မန်ယူအသင်း ကစားပုံ တက်လာခဲ့ပေမယ့် လီဗာပူးလ်အသင်းကလည်း ပိုကောင်းလာခဲ့တာကြောင့် မထူးခြားခဲ့ပါဘူး။ လီဗာပူးလ်တိုက်စစ်ကပဲ ဆက်လက် ဖိအားပေးသွားနိုင်ခဲ့ပြီး (၇၃) မိနစ်မှာတော့ ဖေမီနိုက လယ်လာနာရဲ့ ပေးပို့မှုကို အနီးကပ်ပိတ်သွင်းကာ လီဗာပူးလ်အတွက် ပထမဆုံးအကြိမ် (၃) ပွဲဆက် ဂိုးသွင်းနိုင်ခြင်း ဖြစ်ခဲ့ပါတယ်။ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့ ရလဒ်များလီဗာပူးလ် ၂-၀ မန်ယူရှက်တာဒိုးနက် ၃-၁ အန်ဒါလက်ချ်ဘေဆယ် ဝ-၀ ဆီဗီလာဒေါ့မွန် ၃-၀ စပါးဖီနာဘာချီ ၁-၀ စပို့တင်းဘရာဂါဗီလာရီးယဲလ် ၂-၀ လေဗာကူဆင်ဘီလ်ဘာအို ၁-၀ ဗလင်စီယာစပါတာပရပ်ဂ် ၁-၁ လာဇီယို
ဒေါ့မွန်၊ လီဗာပူးလ်တို့ရဲ့ ဂိုးပြတ်နိုင်ပွဲတွေနဲ့ အိမ်ရှင်တွေ ရလဒ်ကောင်းခဲ့တဲ့ ယူရိုပါလိဂ် ရှုံးထွက် (၁၆) သင်းအဆင့် ပထမအကျော့









